Local News

ရွှေဘိုမြို့ရှိ ပဲ၊ နှမ်း ကုန်စည်ဒိုင်သို့ ပဲစင်းငုံများ အမြင့်ဈေးဖြင့် စတင်ဝင်ရောက်လျက်ရှိ

Last Updated:

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ရှိ ပဲ၊ နှမ်းကုန်စည်ဒိုင်သို့ ဇန်နဝါရီလ၊ ဒုတိယပတ်တွင် ပဲစင်းငုံအနီ၊ ပဲစင်းငုံအဖြူများ စတင်ဝင်ရောက်လာပြီး အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းများမှာ ပဲစင်းငုံအနီ တစ်တင်းလျှင် ၁၁၀,၀၀ဝိ/-ကျပ် ဈေးနှုန်းဖြင့် တစ်ပတ်အတွင်း ၂၇၀၀ တင်း/ ၈၈ တန် ကိုလည်းကောင်း၊ ပဲစင်းငုံအဖြူ တစ်တင်းလျှင် ၁၀၃,၀၀ဝိ/-ကျပ် ဈေးနှုန်းဖြင့် တစ်ပတ်အတွင်း ၁၈၀၀ တင်း/ ၅၉ တန်ကိုလည်းကောင်း အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယခင်နှစ်နှင့် ယခုနှစ် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းများ နှိုင်းယှဉ်ပါက ယခင်နှစ်၌ ပဲစင်းငုံအဖြူ တစ်မျိုးတည်းကိုသာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး တစ်တင်းလျှင် ၅၅,၀၀ဝိ/- ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင် ယခင် နှစ်ကထက် ပဲစင်းငုံအဖြူ တစ်တင်းလျှင် ၉၇,၅၀ဝိ/-ကျပ် ဈေးပိုမိုရရှိခဲ့သည့်အပြင် ပဲစင်းငုံအနီများလည်း အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

Source: DOCA (စစ်ကိုင်း)

Source: https://commerce.gov.mm

Category: Local News