Local News

ကော့သောင်းကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန်အစို/အခြောက်၊ ငါးပါကင်၊ ဆီအုန်းတို့ဖြစ်သည်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ အများဆုံးတင်ပို့နိုင်သည့် ပို့ကုန်ပစ္စည်း ၁၀ မျိုးမှာ ပလာတူးခက် တန်ချိန် ၈၅၇.၅၅၄ တန်၊ ငါးနီငယ် တန်ချိန် ၁၄၈.၄၃၀ တ်၊ ငါးချဉ်တန်ချိန် ၄၉.၄၄၀ ကျောက်ငါးတန်ချိန် ၈၈၀ ဇလွယ် တန်ချိန် ၂၅၂၀ စမတ် တန်ချိန် ၁၀၆၀ နှင့် မုတ်ဖြူ တန်ချိန် ၂၄၀ ဖြစ်သည်။

အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းမှာ ဒီဇယ်ဆီ၊ ဘတ္ထရီ၊ ပလပ်စတစ်ပိုက်၊ ဓာတုပစ္စည်း၊ စားသောက်ကုန်ကြမ်း၊ ပလပ်စတစ်လိပ်နှင့် ပလပ်စတစ်ဖျာတို့ဖြစ်ကြောင်း သိရှိရ သည်။

Source: DOT (ကော့သောင်း)

Source: https://commerce.gov.mm

Category: Local News