Local News

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ကုန်သွယ်မှု လျာထားချက်မှာ ပို့ကုန် ၁၇.၀၀၀ ဒေါ်လာသန်းနှင့် သွင်းကုန် ၂.၅၀၀ ဒေါ်လာသန်းဖြင့် စုစုပေါင်း ၁၉.၅၀၀ ဒေါ်လာသန်း ဖြစ်ပါသည်။ ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၀ ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန် ၂၁.၆၀၄ ဒေါ်လာသန်း၊ လျာထားချက်အပေါ် ပြည့်မီကျော်လွန်အောင်ဆောင်ရွက်နိုင်ခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့အထိ ပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျော တင်ပို့မှုအနေဖြင့် တန်ချိန် ၅၈၁၇၅ တန်၊ ဖရဲသီး တန်ချိန် ၃၅၀ တန်၊ ရော်ဘာ တန်ချိန် ၁၀၅ တန်၊ ငရုတ်သီး တန်ချိန် ၄၀၇ တန်၊ ဆန် တန်ချိန် ၅၂၄ တန်၊ ကြက်သွန်နီ တန်ချိန် ၆၈ တန်နှင့် ရွှေဖရုံသီး တန်ချိန် ၁၂၀ တန် တင်ပို့နိုင်ခဲ့သည်။ အများဆုံးသွင်းကုန်ပစ္စည်းများမှာ သံပြား၊ သံပိုက်၊ မြက်ခင်းတု၊ ပန်းသီး ၊ လိမ္မော်သီး၊ ကြွေပြားနှင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်း၊ လုပ်ငန်းသုံးပစ္စည်းနှင့် လူသုံးကုန်ပစ္စည်းတို့ တင်သွင်းနိုင်ခဲ့သည်။

Source: DOT (ကံပိုင်တည်)

Source: https://commerce.gov.mm

Category: Local News