Local News

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Last Updated:

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ် (၁၃-၁-၂၀၂၄ မှ ၁၉-၁-၂၀၂၄) ရက်နေ့ထိပို့ကုန် တင်ပို့မှုအနေဖြင့် ပြောင်း (1502.5) တန်၊ တန်ဖိုး (၀.၃၆၃) ဒေါ်လာသန်း၊ ကော်ဖီစေ့ (၁၇)တန်၊ တန်ဖိုး (၀.၀၄၃) ဒေါ်လာသန်း၊လိမ္မော်သီး (၃၉.၆)တန်၊ တန်ဖိုး (၀.၀၀၆) ဒေါ်လာသန်း၊ ကြက်သွန်နီ(၂၃၂.၇၅၀) တန်၊ တန်ဖိုး (၀.၁၅၀) ဒေါ်လာသန်း၊ လက်ဖက်ခြောက် (၁၆.၈၀၀) တန်၊ တန်ဖိုး (၀.၀၁၀) ဒေါ်လာသန်း၊ ထောပတ်သီး(၃၇၈.၅၀၀) တန်၊ တန်ဖိုး (၀.၂၁၂)ဒေါ်လာသန်း၊ စက္ကူဖြတ်စ (၁၈၂) တန်၊ တန်ဖိုး (၀.၀၂၁) ဒေါ်လာသန်းနှင့် ပလတ်စတစ်ဖြတ်စ (၂၄) တန်၊ တန်ဖိုး (၀.၀၁၁) ဒေါ်လာသန်းအပါအဝင် ပို့ကုန်တန်ဖိုး (၀.၈၁၆) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။ တစ်ပတ်အတွင်းပျမ်းမျှငွေလဲနှုန်းအနေဖြင့် ကျပ်(၁) သိန်းလျှင် (၁၀၀၅) ဘတ်ဖြစ်ပေါ်ခဲ့ပါသည်။

တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများအဓိကတင်သွင်းလျက်ရှိရာယခုအပတ်(၁၃-၁-၂၀၂၄ မှ ၁၉-၁-၂၀၂၄) တွင် ဓာတ်ဆီ (၂၆၉၁) BBL ၊ တန်ဖိုး(၀၂၉၈) ဒေါ်လာသန်း၊ ဒီဇယ် (၃၄၀၆) BBL ၊ တန်ဖိုး(၀.၃၉၄) ဒေါ်လာသန်း၊ ဘိလပ်မြေ(၀.၀၇၄)ဒေါ်လာသန်း၊ ဖန်ဆောက်လုပ်ရေးပစ္စည်းများ(၀.၀၀၁)ဒေါ်လာသန်း၊တွင်းထွက် (သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ (၀.၄၀၈) ဒေါ်လာသန်း၊ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ (၀.၀၄၂) ဒေါ်လာသန်း၊ ဓာတုဗေဒပစ္စည်းများ (၀.၀၅၇) ဒေါ်လာသန်း၊ သုတ်ဆေး၊ ပေါလစ်များ (၀.၀၁၀) ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ (၀.၀၈၇) ဒေါ်လာသန်း ၊ တာယာနှင့်ကျွတ်များ (၀.၀၀၂) ဒေါ်လာသန်း၊မီးဖိုချောင်သုံးပစ္စည်းများ (၀.၀၅၄) ဒေါ်လာသန်း၊ ဆပ်ပြာ (၀.၀၁၄) ဒေါ်လာသန်းအပါအဝင် သွင်းကုန် တန်ဖိုး (၁.၈၃၃)ဒေါ်လာသန်းတင်သွင်းခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News