Local News

မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Last Updated:

မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၁၇)ရက်နေ့မှ (၂၀)ရက်နေ့အတွင်း ပို့ကုန်တင်ပို့မှုငါးကြိတ်သား(၁)တန်လျှင် (၁၈၈၉) ဒေါ်လာနှုန်းဖြင့် (၉) တန်၊ တန်ဖိုး (၀.၀၁၇) ဒေါ်လာသန်းအားမောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ထိုင်းနိုင်ငံ ပရာကျွတ်ကရီခမ်ခရိုင်သို့ကားလမ်းကြောင်းဖြင့်တင်ပို့နိုင်ခဲ့ပါသည်။မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေး စခန်းအထိကုန်(၁)တန်လျှင်ကားခ(ကုန်ကျစ်)၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်းခန့်) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန်လမ်းကြောင်းကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။

မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၁၇)ရက်နေ့မှ (၂၀)ရက်နေ့အတွင်း သွင်းကုန်တင်သွင်းမှုဒီဇယ်ဆီ (၁)တန်လျှင် (၈၉၇)ဒေါ်လာနှုန်းဖြင့်(၁၃၀၀)တန်၊ တန်ဖိုး (၁.၁၆၆) ဒေါ်လာသန်း၊ ရင်းနှီးမြှုပ်နှံမှုပစ္စည်း (၄၆၀၄၀.၆) M2၊ (၂၆၇၃) U တန်ဖိုး (၀.၁၆၈)ဒေါ်လာသန်းနှင့် လုပ်ငန်းသုံးပစ္စည်း (၁၁၅၅.၇၃)တန် တန်ဖိုး (၀.၃၁၅)ဒေါ်လာသန်း၊ စုစုပေါင်းသွင်းကုန်တန်ဖိုး (၁.၆၄၉) ဒေါ်လာသန်းအားတင်သွင်းခဲ့ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီ(၁)လီတာ (၂၈၀၀) ကျပ်နှင့် ဒီဇယ် (၁)လီတာ(၂၈၈၀)ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ(၁)ဘတ်လျှင် (၉၈.၅) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

Source: https://commerce.gov.mm

Category: Local News