Local News

လွယ်ဂျယ်နယ်စပ်ကုန်စည်စီးဆင်းမှုအခြေအနေ

Last Updated:

လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့်(၁၇-၁-၂၀၂၄) မှ (၂၀-၁-၂၀၂၄) ရက်နေ့အတွင်းကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန်ကွဲ (၈၂၉.၉) တန်၊ တန်ဖိုး (၀.၃၇၈) ဒေါ်လာသန်း၊ ဆန် (၁၃၀) တန်၊ တန်ဖိုး (၀.၀၅၆) ဒေါ်လာသန်း၊ကြက်သွန်နီ(၉၄) တန်၊ တန်ဖိုး (၀.၀၄၃) ဖရုံသီး(၁၁၈)တန်၊ တန်ဖိုး(၀.၀၁၂)ဒေါ်လာသန်း၊ ကြံ(၇၆၅)တန်၊ တန်ဖိုး (၀.၀၃၁)ဒေါ်လာသန်း၊ နှမ်းနက်(၂၂၅) တန်၊ တန်ဖိုး (၀.၃၁၂) ဒေါ်လာသန်း၊ သခွားမွှေး(၆၅) တန်၊ တန်ဖိုး (၀.၀၁၄) ဒေါ်လာသန်း၊ တစ်သျှူးငှက်ပျော(၁၉၃၆)တန်၊ တန်ဖိုး (၇၀၇)ဒေါ်လာသန်း၊ မရွေး(၁၄.၃)တန်၊တန်ဖိုး (၀.၀၁၃)ဒေါ်လာသန်း၊ သီဟိုဠ်စေ့(၁၅.၈)တန်၊တန်ဖိုး (၀.၀၇၉) ဒေါ်လာသန်း၊ ဖရဲသီး (၂၅၁.၅၀၀) တန်၊ တန်ဖိုး (၀.၀၃၆) ဒေါ်လာသန်း၊ ပန်းဥခြောက်(၂၆)တန်၊ တန်ဖိုး(၀.၀၁၀) ဒေါ်လာသန်း၊ ဆီးဆံ(၈.၁၅)တန်၊ တန်ဖိုး(၀.၀၀၂)ဒေါ်လာသန်း၊ ချင်းခြောက်(၈.၃၅)တန်၊ တန်ဖိုး(၀.၀၀၈)ဒေါ်လာသန်း၊ ကြိမ်(၃၁)တန်၊ တန်ဖိုး(၀.၀၂၀)ဒေါ်လာသန်း၊ ပြောင်း(၂၅)တန်၊ တန်ဖိုး(၀.၀၀၆) ဒေါ်လာသန်း၊ မကျည်းသီးအစေ့ပါ(၃၃)တန်၊ တန်ဖိုး(၀.၀၀၇)ဒေါ်လာသန်း၊ ALUMINIUN SCRAP(၂၁.၁၆)တန်၊ တန်ဖိုး (၀.၀၃၂)ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။

ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ဆန် တစ်တန်လျှင် (၅၆၀) ဒေါ်လာ၊ ဆန်ကွဲ တစ်တန်လျှင်(၄၅၀)ဒေါ်လာ၊ ပြောင်းတစ်တန်လျှင် (၃၁၀) ဒေါ်လာ၊ဖရဲသီး တစ်တန်လျှင် (၁၅၀)ဒေါ်လာ၊ တစ်သျှူးငှက်ပျောတစ်တန်လျှင် (၃၈၀) ဒေါ်လာ၊ ပဲတီစိမ်းတစ်တန်လျှင် (၆၅၀) ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခမှာ ဗန်းမော်မှလွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၁၅၀)ကျပ်ရှိကြောင်းသိရှိရပါသည်။

ယခုအပတ်အတွင်းသွင်းကုန်ပိုင်းတွင်တစ်သျှူး(၈.၀၀)တန်၊တန်ဖိုး(၀.၀၁၆)ဒေါ်လာသန်း၊ ကုန်စုံပစ္စည်း(၉၄၅.၉၈) တန်၊ (၁၀၄၃၂၅)U၊ (၃၀၀၀)PAIR၊ တန်ဖိုး (၁.၀၁၉) ဒေါ်လာသန်း၊ ဆေးပစ္စည်း(၄၀၂၇၅၀)U ၊ တန်ဖိုး (၀.၀၅၆)ဒေါ်လာသန်း၊ သံပိုက်/သံချောင်း (၁၉၄)တန်၊(၂၀၀၀)Uတန်ဖိုး (၀.၁၄၂)၊ ဂျပ်ဖာ(၁၄၁.၉၀)တန်(၀.၀၅၄)ဒေါ်လာသန်း၊ PVC ပိုက် (၃၃.၅)တန် (၀.၀၃၇) ဒေါ်လာသန်း၊ နန်းခွေ(၃၂)တန်၊ တန်ဖိုး(၀.၀၂၃)ဒေါ်လာသန်း၊ ထွန်စက်(၄)U၊ တန်ဖိုး(၀.၀၃၆)၊ အထည်(၁.၇၀)တန်၊ (၅၀၁၁၀)U၊ တန်ဖိုး(၀.၀၃၈)ဒေါ်လာသန်း၊ မြက်ခင်းထု (၂၃.၁၀)တန်၊ တန်ဖိုး(၀.၀၁၅)ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့ပါသည်။

သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်စက္ကူလိပ် တစ်တန်လျှင် (၃၅၀) ဒေါ်လာ၊ ပီနံအိတ် တစ်တန်လျှင် (၈၀၀) ဒေါ်လာ၊ ပိတ်လိပ် တစ်တန်လျှင် (၅၇၀)ဒေါ်လာ၊ ဂျပ်ဖာ တစ်တန်လျှင် (၃၉၀) ဒေါ်လာ၊ ချည်ခင် တစ်တန်လျှင် (၆၆၇)ဒေါ်လာရှိ၍ လွယ်ဂျယ်မှဗန်းမော်သို့သယ်ယူပို့ဆောင်ခမှာ (၁၂)ဘီးယာဉ်(၁)စီးလျှင် ကုန်ကျစ်(၁၂၀၀၀၀၀)ကျပ်၊ကုန်ပွ(၈၀၀၀၀၀)ကျပ်နှင့်ကုန်စုံတစ်စီးလျှင် (၁၀၀၀၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရပါသည်။

ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်းများအား မန္တလေး - လက်ပံလှ - ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်း၊ ဗန်းမော်ဒေသထွက်ပို့ကုန်ပစ္စည်းများအားဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ်လမ်းကြောင်းအတိုင်း တင်ပို့လျက်ရှိပြီး သွင်းကုန်ပစ္စည်းများအား လွယ်ဂျယ်-စိန်လုံ-မိုးမောက်(ကျောက်စခန်း)-ဗန်းမော်လမ်းကြောင်းအတိုင်းကုန်သွယ်မှုပြုလုပ်လျက်ရှိပါသည်။

လွယ်ဂျယ်နယ်စပ်ဒေသငွေကြေးဈေးကွက်အနေဖြင့်၁၆-၁-၂၀၂၄ ရက်နေ့တွင် (၁) ယွမ်လျှင် (၄၆၅) ကျပ်ဖြစ်ခဲ့ပြီး ၂၀-၁-၂၀၂၄ရက်နေ့တွင် (၁)ယွမ်လျှင် (၄၆၅)ကျပ်ဖြစ်၍ မြန်မာကျပ်ငွေဈေးတည်ငြိမ်ခဲ့ကြောင်း သိရှိရပါသည်။

Source: https://commerce.gov.mm

Category: Local News