Local News

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုအခြေအနေ

Last Updated:

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ကုန်သွယ်မှုလျာထားချက်မှာပို့ကုန် (၁၇.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၂.၅၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၁၉.၅၀၀) ဒေါ်လာသန်းဖြစ်ပါသည်။ ဇန်နဝါရီလ (၂၀) ရက်နေ့အထိအမှန်ကုန်သွယ်မှုမှာပို့ကုန်(၂၁.၆၀၄) ဒေါ်လာသန်း၊ သွင်းကုန်(၁.၆၆၉)ဒေါ်လာသန်း၊ စုစုပေါင်း(၂၃.၂၇၃)ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၁၁၉.၃၄၈%) ဆောင်ရွက်နိုင်ခဲ့သဖြင့် ဇန်နဝါရီလ၏ ကုန်သွယ်မှုလျာထားချက်အပေါ် ပြည့်မီကျော်လွန်အောင်ဆောင်ရွက်နိုင်ခဲ့ပါသည်။

ဇန်နဝါရီလ (၂၀)ရက်အတွင်းပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ ဆန်၊ ဖရဲသီး၊ ရွှေဖရုံသီး၊မြေပဲဆံ၊ရော်ဘာ၊ငရုတ်သီး၊ ကြက်သွန်နီနှင့် နှမ်းနက်တို့ တင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များနှင့် သစ်သီးများတင်သွင်းနိုင်ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(၂၀)ရက်နေ့အထိပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျောတင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၅၃၀) ယွမ်/ (၃၄၅)ဒေါ်လာတို့ဖြင့် တန်ချိန် (၅၈၁၇၅) တန်၊ တန်ဖိုး(၂၀.၂၄၉) ဒေါ်လာသန်း၊ ဖရဲသီးတင်ပို့မှုအနေဖြင့် တန်ချိန် (၃၅၀) တန်၊ တန်ဖိုး(၀.၀၅၁)ဒေါ်လာသန်း၊ မြေပဲဆံတင်ပို့မှုအနေဖြင့် တန်ချိန် (၃၄) တန်၊ တန်ဖိုး(၀.၀၃၇)ဒေါ်လာသန်း၊  နှမ်းနက်တင်ပို့မှုအနေဖြင့် တန်ချိန် (၃၇၁) တန်၊ တန်ဖိုး(၀.၅၁၉) ဒေါ်လာသန်း၊ ရော်ဘာတန်ချိန်(၁၀၅)တန်၊ တန်ဖိုး (၀.၁၄၅) ဒေါ်လာသန်း ၊ ငရုတ်သီးတင်ပို့မှုအနေဖြင့် တန်ချိန် (၄၀၇) တန်၊ တန်ဖိုး(၀.၂၆၀)ဒေါ်လာသန်း၊ ဆန်တင်ပို့မှုအနေဖြင့် တန်ချိန် (၅၂၄) တန်၊ တန်ဖိုး(၀.၂၉၉)ဒေါ်လာသန်း ကြက်သွန်နီတင်ပို့မှုအနေဖြင့် တန်ချိန် (၆၈) တန်၊ တန်ဖိုး(၀.၀၃၂)ဒေါ်လာသန်းနှင့် ရွှေဖရုံသီးတန်ချိန်(၁၂၀)တန်၊ တန်ဖိုး (၀.၀၁၂) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။

အများဆုံးသွင်းကုန်ပစ္စည်းများမှာ Iron Sheet ၊ Iron Pipe၊ Artificial Grass ၊ ပန်းသီး ၊ လိမ္မော်သီး၊ Ceramic Tile နှင့် လူသုံးကုန်ပစ္စည်းများဖြစ်ပြီးရင်းနှီးပစ္စည်းတန်ချိန် (၄၃၂.၀၀) တန်၊ တန်ဖိုး(၀.၄၆၂)ဒေါ်လာသန်း၊ လုပ်ငန်းသုံးပစ္စည်းတန်ချိန် (၇၅၃.၀၀)တန်၊ တန်ဖိုး (၀.၅၆၇)ဒေါ်လာသန်း၊ လူသုံးပစ္စည်းတန်ချိန်(၉၄၂.၀၀)တန်၊ တန်ဖိုး(၀.၆၃၇)ဒေါ်လာသန်းတို့ တင်သွင်းနိုင်ခဲ့ပါသည်။ ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့် တင်ဆောင်ခြင်းမဟုတ်ဘဲငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင်ယာဉ်များသည် သက်ဆိုင်ရာကုမ္ပဏီပိုင် ယာဉ်များဖြင့်သာတင်ပို့တင်သွင်းခြင်းဖြစ်ပါသည်။ 

Source: https://commerce.gov.mm

Category: Local News