Local News

ကျန်းမာရေးအတွက် အကျိုးကျေးဇူးများသော ကင်မွန်းချဥ်ရွက် စိုက်ပျိုးခြင်းဖြင့် တောင်သူများအဆင်ပြေ

Last Updated:

   မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကန်စွန်းကုန်းကျေးရွာရှိ ဒေသခံတောင်သူများအနေဖြင့် လယ်ယာစိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်လျှက်ရှိပြီး သီးပင်စားပင်များ မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက်ပင်များကို ရာသီအလိုက် စိုက်ပျိုးရောင်းချလျှက်ရှိပါသည်။ စိုက်ပျိုးရာတွင် အရင်းအနှီး ကုန်ကျစရိတ်သက်သာရန် ဝင်ငွေရရှိလွယ်ကူသော မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက်ဖြစ်သည့် ကင်မွန်းချဉ်ရွက်ကို ယခုနှစ်မိုးရာသီ၌ စီးပွားဖြစ် အများအပြားစိုက်ပျိုးထားကြရာ တောင်သူများအနေဖြင့် မိသားစုဝင်ငွေရရှိကာ အဆင်ပြေလျက် ရှိကြသည်။ 
   ကင်မွန်းချဉ်ရွက်အပင်ကို ကုန်းမြေများတွင် စိုက်ပျိုးကြပြီး ကိုင်းဆက်မျိုးဖြင့် စီတန်းစိုက်ပြီး အစေ့ကနေအပင်ပျိုး၍လည်း စိုက်ပျိုးနိုင်ကြောင်း၊ ကင်ပွန်းချဉ်ပင်ကို မည်သည့် မြေအမျိုးအစားမဆို စိုက်ပျိုးနိုင်ပြီး အပင်ရှင်သန်ကြီးထွားစေရန်အတွက် အပင်အောက်တွင် ပေါက်လေ့ရှိသော ပေါင်းမြက်ပင်များအား ရှင်းလင်းပေးခြင်း၊ သဘာဝ မြေဩဇာဖြစ်သည့် နွားချေးမြေဩဇာများကို ထည့်ပေးရကြောင်း၊ စိုက်ပျိုးပြီး တစ်နှစ်ခွဲအကြာတွင် ကင်မွန်းချဉ်ရွက်အနုလေးများ စတင်ထွက်ရှိကာ ခူး၍ ရောင်းချနိုင်ပြီးဖြစ်ကြောင်း၊ မြေတစ်ဧကခန့်တွင် အပင်ပေါင်း ၄၀ ခန့် စိုက်ပျိုးနိုင်ရန် အပင်တစ်ပင်နှင့်တစ်ပင်ကို ခြောက်ပေခန့် ခြားထားပြီး စိုက်ရကြောင်း သိရသည်။
Source: https://www.doca.gov.mm

Category: Local News