Local News

အောင်လံတွင် ယခင်နှစ်တွေထက် မျိုးပဲတီစိမ်းစျေးကောင်းနေ

Last Updated:
        မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်အတွင်းမှာ တောင်သူအများစုက မိုးပဲတီစိမ်းသီးနှံကို အများဆုံးစိုက်ပျိုး ကြရာအခုနှစ်မှာတော့ အရင်နှစ်တွေထက် မိုးပဲတီစိမ်းမျိုးတွေ ဈေးကောင်းနေပြီး တစ်တင်းကို ငွေကျပ်(၈၀၀၀၀) စျေးအထိပေးဝယ်နေရတယ်လို့တောင်သူတွေကပြောပါတယ်။ အောင်လံမြို့နယ်အတွင်း မိုခါမုန်တိုင်းအရှိန်ကြောင့် မိုးတွေရွာသွန်းခဲ့တဲ့အတွက် အခုနှစ်စိုက်ပျိုးရာသီမှာ အရင်နှစ်တွေထက် ဆောလျှင် စွာ လုပ်ငန်းခွင်ဝင်နေကြရတယ်လို့ဆိုပါတယ်။
      တောင်သူအများစုက မိုးပဲတီစိမ်းသီးနှံကို အများဆုံးစိုက်ပျိုးကြပြီး အရင်နှစ်တွေက မိုးပဲတီးစိမ်းမျိုး တစ်ပြည်ကိုငွေကျပ် (၃၀၀၀) ကနေ (၃၅၀၀) လောက်သာ စျေးရှိခဲ့ရာကနေ အခုနှစ်မှာတော့ မျိုးပဲတီစိမ်း တစ်ပြည်ကို ငွေကျပ်(၅၀၀၀) စျေးအထိပေးဝယ်ကာ စိုက်ပျိုးနေကြရတယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင်ထွန်ယက်ခကလည်းတစ်ဧကကို ထွန်စက်ခုတ်ခကျပ် (၄၀၀၀၀) ကနေကျပ် (၆၀၀၀၀) အထိရှိလာတယ် လို့သိရပါတယ်။ မိုးပဲတီစိမ်းစိုက်ပျိုးရာသီမှာ မုတ်သုန်မိုးတွေဆက်လက်ရွာသွန်းမှ သီးနှံတွေရှင်သန်နိုင်မှာဖြစ်ပြီး မိုးတွေဆက်လက်မရွာသွန်းရင် သီးနှံပျက်ဆီးဆုံရှုံးမှုတွေဖြစ်ပေါ်မှာကိုလည်း တောင်သူတွေက စိုးရိမ်နေကြတယ်လို့သိရပါတယ်။

 

Category: Local News