Local News

မုံရွာမြို့နယ်ရှိ ကွမ်းဈေးနှုန်းများ ဆက်လက်ကျဆင်း

Last Updated:

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင် အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ နှစ်မျိုးခွဲ၍ စိုက်ပျိုးကြရာ မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် အနည်းငယ်သာ စိုက်ပျိုးကြပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်းသိရသည်။

   မုံရွာမြို့နယ်ရှိ ကွမ်းဈေးကွက်အနေဖြင့် ဩဂုတ်လ(ဒုတိယပတ်)တွင် ကွမ်းတစ်ပိဿာလျှင် ကျပ်(၂၀၀၀-၂၅၀၀)ဈေးနှုန်းရရှိပြီး ယခုအပတ်တွင် အရည်အသွေးအပေါ်မူတည်ပြီး တစ်ပိဿာလျှင် ကျပ်(၁၅၀၀-၂၀၀၀) ဈေးနှုန်းဖြင့်သာ ရောင်းချရကြောင်း၊ မိုးဦးရာသီတွင် ကွမ်းအထွက်နှုန်းပိုမိုလာခြင်း၊ ဈေးကွက်အတွင်း ကုန်ဝင်ရောက်မှုများနေခြင်းတို့ကြောင့် ဈေးနှုန်းများ ဆက်တိုက်ကျဆင်းခြင်း ဖြစ်ကြောင်း ကွမ်းစိုက်တောင်သူများထံမှ သိရသည်။

Source: https://commerce.gov.mm

Category: Local News