Local News

ကျောက်ဆည်ခရိုင်အတွင်း မိုးကြိုဝါများ စတင်ထွက်ရှိ

Last Updated:

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် စပါး၊ ပဲ၊ ပြောင်း၊ ကြက်သွန်တို့အပြင် လူအသုံးအဆောင်ပစ္စည်းများအဖြစ် ထုတ်လုပ်သည့်  ချည်မျှင်ရှည်ဝါများကိုလည်း အများဆုံးစိုက်ပျိုးလျက်ရှိကြောင်း၊ ခရိုင်အတွင်း၌ မိုးကြိုဝါ စိုက်ဧက (၁၂၁၉) ဧက   စိုက်ပျိုးထားရှိပြီး မျိုးအနေဖြင့် တောင်သူအများစုမှာ ငွေချည်-၆ နှင့် အိန္ဒိယမျိုး(ရာကာ) မျိုးများကို အများဆုံး စိုက်ပျိုးကြကြောင်း၊ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစုအပါအဝင် (၇၀၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း သိရသည်။

မြို့နယ်အတွင်းရှိ မိုးကြိုဝါ အများဆုံးစိုက်ပျိုးသောရွာများမှာ ပခမ်း၊ မက္ခရာ၊ ကတက်ကုန်း၊ မြိုင်ကုန်း၊ ကံကွေ့စသည့်ကျေးရွာများတွင် မိုးကြိုဝါများ စတင်ထွက်ရှိနေပြီဖြစ်ကြောင်း၊ ဈေးနှုန်းအနေဖြင့်  ယခင်နှစ် ဝါတစ်ပိဿာလျှင်(၃၃၀၀)ကျပ်၊ ဂွမ်းတစ်ပိဿာလျှင်(၇၃၀၀)ကျပ်၊ ဝါစေ့တစ်ပိဿာလျှင်(၁၄၀၀)ကျပ်၊ ဝါစေ့ဆီတစ်ပိဿာလျှင်(၅၅၀၀)ကျပ် ဈေးနှုန်းရှိပြီး ယခုအချိန်တွင် ဝါတစ်ပိဿာလျှင်(၃၆၀၀) ကျပ်၊ ဂွမ်း တစ်ပိဿာလျှင် (၉၅၀၀) ကျပ်၊ ဝါစေ့ တစ်ပိဿာလျှင် (၁၇၀၀) ကျပ်၊ ဝါစေ့ဆီ တစ်ပိဿာလျှင် (၈၇၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

Source: https://commerce.gov.mm

Category: Local News