Local News

နတ်တလင်းခရိုင်အတွင်း ဆီထွက်သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

Last Updated:

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်အတွင်း မိုးသီးနှံများကို မေလ(ဒုတိယပတ်)မှ စတင်၍ စိုက်ပျိုးခဲ့ရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။ နတ်တလင်းခရိုင်အတွင်း၌ မိုးသီးနှံ များအနက် ဆီထွက်သီးနှံများဖြစ်သော မိုးနှမ်း၊ မိုးမြေပဲ၊ မိုးနေကြာများကို လျာထားဧကထက် ကျော်လွန်၍ စိုက်ပျိုးလျက်ရှိကြောင်း၊ ဆီထွက်သီးနှံ လျာထားဧကပေါင်း ၄၆၁၂၈ ဧကရှိရာ မိုးနှမ်း အမျိုးအစားများဖြစ်သော ရိုးစိမ်း၊ စုံတတ်၊ မကွေးဖြူ၊ စိန်ပတ်လည်(၃၀၁၂၇)ဧက၊ မိုးမြေပဲ အမျိုးအစားများဖြစ်သော ဆင်းပဒေသာ(၁၁)၊ မကွေး(၁၂)၊ ဘီယက်နမ် (၁၆၅၆၄)ဧကနှင့် မိုးနေကြာ အမျိုးအစားများဖြစ်သော ဆင်းရွှေကြာ-၂ (၅၅)ဧက၊ စုစုပေါင်း (၄၆၇၄၆)ဧက စိုက်ပျိုးထားရှိပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

Source: https://commerce.gov.mm

Category: Local News