Local News

ပေါက်ခေါင်းမြို့နယ်တွင် မိုးမြေပဲများ စိုက်ပျိုးပြီးစီး

Last Updated:

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ရှိ ကျေးရွာများဖြစ်သော သဖန်းချိုအုပ်စု၊ သဖန်းချိုကျေးရွာတွင် မိုးမြေပဲများကို ဇွန်လဆန်းပိုင်းတွင် စတင်စိုက်ပျိုးခဲ့ရာ မိုးမြေပဲစိုက်ဧကမှာ (၁၂၁၂၈)ဧက ရှိကြောင်း၊ စိုက်ပျိုးသည့်မျိုးမှာ မကွေး(၁၅)မျိုးဖြစ်ပြီး စိုက်ပျိုးကုန်ကျစရိတ်အနေဖြင့် မိုးမြေပဲ တစ်ဧကလျှင် ကျပ်(၆)သိန်းခန့် ကုန်ကျကြောင်း၊ ယခုအချိန်တွင် မိုးမြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး စက်တင်ဘာလတွင် မိုးမြေပဲများ စတင်နှုတ်သိမ်းနိုင်မည်ဖြစ်ရာ မြေပဲများနှုတ်သိမ်းချိန်တွင် ရာသီဥတုဖျက်ဆီးမှုမရှိဘဲ အထွက်နှုန်းကောင်းမွန်ပါက တောင်သူများအတွက် အကျိုးအမြတ်များစွာ ရရှိနိုင်ရန် မျှော်လင့်လျက်ရှိကြောင်း သိရသည်။

Source: https://commerce.gov.mm

Category: Local News