Local News

မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန် ကုန်သွယ်မှုအခြေအနေ

Last Updated:

ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားခြင်းများကို Tradenet 2.0 System တွင် Online ဖြင့် လျှောက်ထားနိုင်သည့်အပြင် ကုန်သွယ်ရေးစခန်းများတွင်လည်း လာရောက်လျှောက်ထားပါက ခွင့်ပြုပေး လျက်ရှိပါသည်။ မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ တင်ပို့သည့် ပို့ကုန်ပစ္စည်းများမှ တစ်ဖက်နိုင်ငံသို့ တင်ပို့ရောင်းချရာတွင် အကောက်ခွန်သက်သာခွင့်အတွက် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ထုတ်ပေးသော ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form E ကို တင်ပို့သူမှ တောင်းခံလာပါက စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စိစစ်ခွင့်ပြုပေးလျက်ရှိပါသည်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့တွင် Form E ထုတ်ပေးမှုမှာ(၂၆)စောင်ဖြစ်ပြီး ရေခဲကဏန်း၊ ကဏန်း၊ ငါးရှဉ့်၊ ဝါဂွမ်း၊ လက်ဖက်ခြောက်၊ ၊ ဆံပင်၊ သီဟိုဠ်စေ့၊ ချဉ်ပေါင်ဖာလာနှင့် ဇင့်သတ္ထုတို့ လျှောက်ထားမှုရှိပါသည်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁  ရက်မှ ၁၇ ရက်အထိ စုစုပေါင်း Form E (၄၆၆)စောင် ခွင့်ပြုထုတ်ပေးခဲ့ပါသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့တွင် ပို့ကုန်အမှန်တင်ပို့မှုအနေဖြင့် စကျင်ဆင်းတု (၀.၂၈၆) ဒေါ်လာသန်း၊ သီဟိုဠ်စေ့(၀.၁၅၈) ဒေါ်လာသန်း၊ ငါးရှဉ့် (၀.၁၄၂) ဒေါ်လာသန်း၊ ရေခဲငါးရှဉ့် (၀.၁၁၆) ဒေါ်လာသန်း၊ ကြက်သွန်နီ(၀.၁၀၂) ဒေါ်လာသန်း၊ ဝါဂွမ်း(၀.၀၈၉) ဒေါ်လာသန်း၊ ဆံပင် (၀.၀၆၃) ဒေါ်လာသန်း၊ ကဏန်း(၀.၀၆၁) ဒေါ်လာသန်း၊ ဆန် (၀.၀၃၀) ဒေါ်လာသန်း၊ ပဲတီစိမ်းခြမ်း (၀.၀၂၃) ဒေါ်လာသန်းတို့ အများဆုံးတင်ပို့ခဲ့ပါသည်။

သွင်းကုန်အမှန်တင်သွင်းမှုအနေဖြင့် ဓါတ်ဆီ(၀.၁၆၀)ဒေါ်လာသန်း၊ နီကယ်ကုန်ကြမ်း (၀.၁၅၉) ဒေါ်လာသန်း၊ ဒီဇယ်ဆီ(၀.၁၃၃) ဒေါ်လာသန်း၊ သံချောင်း(၀.၁၀၄)ဒေါ်လာသန်း၊ SKDစနစ်ဖြင့် တင်သွင်းသည့် မော်တော်ဆိုင်ကယ်အပိုပစ္စည်း(၀.၀၈၃) ဒေါ်လာသန်း၊ ပိုးသတ်ဆေး (၀.၀၇၃)ဒေါ်လာသန်း၊ မီးသီး (၀.၀၆၆)ဒေါ်လာသန်း၊ သံချောင်းခွေ(၀.၀၆၅)ဒေါ်လာသန်း၊ ဖလင်ပြား(၀.၀၅၄) ဒေါ်လာသန်း၊ ပန်းသီး (၀.၀၄၉) ဒေါ်လာသန်း အများဆုံး တင်သွင်းခဲ့ပါသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့တွင် ပို့ကုန်ယာဉ်စီးရေ (၅၄)စီး၊ သွင်းကုန်ယာဉ်စီးရေ (၁၂၂)စီး၊ စုစုပေါင်း (၁၇၆)စီး၊ ပို့ကုန်(၁.၁၃၃)ဒေါ်လာသန်း၊ သွင်းကုန်(၁.၈၃၂)ဒေါ်လာသန်းနှင့် ကုန်သွယ်မှုပမာဏ (၂.၉၆၅)ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ ပို့ကုန်ယာဉ်စီးရေ (၈၉၂)စီး၊ သွင်းကုန် ယာဉ်စီးရေ (၁၃၇၅)စီး၊ ကုန်သွယ်မှု (၃၆.၃၉၁) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

 မြန်မာ-တရုတ် နယ်စပ်ဒေသကုန်သွယ်မှုများအတွက် ငွေပေးချေမှုကို ယွမ်ငွေကြေး၊ ဒေါ်လာ ငွေကြေးများဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ ပဲ၊ ပြောင်း၊ နှမ်း၊ မြေပဲဆံတို့ကို ဒေါ်လာငွေကြေးအပြင် ယွမ်ငွေကြေးဖြင့်ပါ ဆောင်ရွက်ခွင့်ပြုပြီး ဆန်၊ ဆန်ကွဲ၊ အခြားလယ်ယာထွက်ကုန်ပစ္စည်းများနှင့် ရေထွက် ပစ္စည်းဖြစ်သည့် ကဏန်း၊ ငါးရှဉ့်တို့ကို ယွမ်ငွေကြေးဖြင့် ခွင့်ပြုဆောင်ရွက်လျက်ရှိပါသည်။

မူဆယ်ဒေသမှ အများဆုံးတင်ပို့သည့် ပဲတီစိမ်းဈေးနှုန်းမှာ (၁)တန်လျှင် (၅၂၀၀-၅၉၀၀)ယွမ်၊ ပြောင်းဖူးစေ့ (၁)တန်လျှင် (၂၃၈၀-၂၄၈၀)ယွမ်၊ နှမ်းနက် (၁)တန်လျှင် (၁၁၅၀၀-၁၂၀၀၀) ယွမ်၊ မြေပဲဆံ(၁) တန်လျှင် (၉၅၀၀-၉၇၀၀)ယွမ်၊ ဧည့်မထဆန် (၁)တန်လျှင် (၃၄၀၀)ယွမ်၊ ဆန်ကွဲ (A 1:2) (၁)တန်လျှင် (၃၀၀၀)ယွမ်၊ ရော်ဘာ RSS-3 (၁)တန်လျှင် (၇၀၀၀-၇၅၀၀)ယွမ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ပြုလုပ်နေကြောင်း သိရှိရပါသည်။

ပို့ကုန်လုပ်ငန်းဆောင်ရွက်သည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတင်ပို့ခဲ့သည့် ပစ္စည်းများ၏ တန်ဖိုးအတိုင်း တစ်ဖက်နိုင်ငံကုန်ဝယ်သူမှ ပေးချေသည့် ကုန်ဖိုးငွေများအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညွှန်ကြားချက်များနှင့်အညီ ပို့ကုန်ရငွေများ ဝင်ရောက်နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်အနေဖြင့် (၁၇-၁၀-၂၀၂၃) ရက်နေ့တွင် ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ (၁.၁၃၃) သန်း ၊ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ (၁.၈၃၂) သန်း ၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ (၂.၉၆၅) သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

အများဆုံး အမှန်တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ စကျင်ဆင်းတု (၂၂၉.၀၈၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၂၈၆) သန်း၊ သီဟိုဠ်စေ့(၃၁.၆၀၀) တန် ၊ တန်ဖိုးကန်ဒေါ်လာ (၀.၁၅၈)သန်း၊ ငါးရှဉ့် (၄၇.၃၆၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၄၂) သန်း၊ ရေခဲငါးရှဉ့် (၄၄.၅၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၁၆) သန်း၊ ကြက်သွန်နီ (၁၈၆.၀၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၀၂) သန်း၊ ဝါဂွမ်း(၅၁.၅၅၀) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၈၉) သန်း၊ ဆံပင်(၁၃.၇၄၆) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၆၃)သန်း၊ ကဏန်း (၁၆.၀၅၀)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၆၁) သန်း၊ ဆန် (၆၈.၅၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၀)သန်းနှင့် ပဲတီစိမ်းခြမ်း (၃၃.၅၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၃) သန်း တို့ဖြစ်ပါသည်။

အများဆုံး အမှန်တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ဓာတ်ဆီ တန်ဖိုး ကန်ဒေါ်လာ (၀.၁၆၀) သန်း၊ နီကယ်ကုန်ကြမ်း တန်ဖိုး ကန်ဒေါ်လာ (၀.၁၅၉) သန်း၊ ဒီဇယ်ဆီ တန်ဖိုး ကန်ဒေါ်လာ (၀.၁၃၃) သန်း၊ သံချောင်း တန်ဖိုး ကန်ဒေါ်လာ (၀.၁၀၄) သန်း၊ SKD စနစ်ဖြင့် တင်သွင်းသည့် မော်တော်ဆိုင်ကယ်အပိုပစ္စည်း တန်ဖိုး ကန်ဒေါ်လာ (၀.၀၈၃) သန်း၊ ပိုးသတ်ဆေးတန်ဖိုး ကန်ဒေါ်လာ (၀.၀၇၃) သန်း၊ မီးသီး တန်ဖိုး ကန်ဒေါ်လာ (၀.၀၆၆) သန်း၊ သံချောင်းခွေတန်ဖိုး ကန်ဒေါ်လာ (၀.၀၆၅) သန်း၊ ဖလင်ပြား တန်ဖိုး ကန်ဒေါ်လာ (၀.၀၅၄) သန်းနှင့် ပန်းသီး တန်ဖိုး ကန်ဒေါ်လာ (၀.၀၄၉) သန်းတို့ ဖြစ်ပါသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှ (၁၇) ရက်နေ့ထိ  ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ (၁၆.၄၅၆) သန်း၊ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ (၁၉.၉၃၅) သန်း၊ ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ (၃၆.၃၉၁) သန်း ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါသည်။ MACCS စနစ်အရ ငွေလဲနှုန်းတစ်ယွမ်လျှင် (၂၈၇.၆၁) ကျပ်ဖြင့် တွက်ချက်ထားရှိခြင်းဖြစ်ပြီး လက်ရှိတွင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။

အတက်ကုန် မန္တလေးမှ ကျိန်စမ်းကျော့သို့ ကားခတစ်ပိဿာလျှင် ကျပ် ၂၀၀/- နှုန်းဖြစ်ပါသည်။ အဆင်းကုန် ကျိန်စမ်းကျော့မှ မန္တလေးသို့ ကားခကုန်ကျစ်တစ်ပိဿာလျှင် ၂၀၀/- ကျပ်နှုန်း၊ ကုန်ပွ တစ်ပိဿာလျှင် ကျပ် ၂၅၀/- မှ ကျပ် ၃၀၀/- နှုန်းခန့်ရှိပါသည်။

(၁၇-၁၀-၂၀၂၃) ရက်နေ့အတွင်း အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအား စကျင်ဆင်းတု (၁)တန်လျှင် ကန်ဒေါ်လာ (၁၂၄၉.၅၇၉) နှုန်း၊ သီဟိုဠ်စေ့ (၁)တန်လျှင် ကန်ဒေါ်လာ (၅၀၀၇.၁၅၃) နှုန်း၊ ငါးရှဉ့် (၁) တန်လျှင် ကန်ဒေါ်လာ (၃၀၀၀.၁၉၆) နှုန်း၊ ရေခဲငါးရှဉ့် (၁) တန်လျှင် ကန်ဒေါ်လာ (၂၅၉၉.၉၉၄) နှုန်း၊ ကြက်သွန်နီ (၁)တန်လျှင် ကန်ဒေါ်လာ (၅၄၉.၁၉၈) နှုန်း၊ ဝါဂွမ်း(၁)တန်လျှင် ကန်ဒေါ်လာ (၁၇၂၄.၆၄၇) နှုန်း၊ ဆံပင်(၁)တန်လျှင် ကန်ဒေါ်လာ (၄၅၅၀.၇၆၂)နှုန်း၊ ကဏန်း(၁) တန် လျှင် ကန်ဒေါ်လာ (၃၈၀၀.၁၅၀) နှုန်း၊ ဆန်(၁) တန်လျှင် ကန်ဒေါ်လာ (၄၄၅.၁၁၁) နှုန်း၊ ပဲတီစိမ်းခြမ်း (၁) တန်လျှင် ကန်ဒေါ်လာ (၆၈၃.၉၆၄)နှုန်းဖြင့် တင်ပို့နိုင်ခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News