Local News

လွယ်ဂျယ်နယ်စပ်ကုန်စည်စီးဆင်းမှုအခြေအနေ

Last Updated:

လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့် (၁၆-၁၀-၂၀၂၃) မှ (၁၇-၁၀-၂၀၂၃) ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန် (၅၅.၀၀) တန်၊ တန်ဖိုး (၀.၀၂၀) ဒေါ်လာသန်း၊ ပြောင်း (၃၀.၀၀) တန်၊ တန်ဖိုး (၀.၀၁၄) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။ ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ဆန် တစ်တန်လျှင် (၄၆၉) ဒေါ်လာ၊ ဆန်ကွဲ တစ်တန်လျှင် (၄၀၈) ဒေါ်လာ၊ ပြောင်းတစ်တန်လျှင် (၃၁၀) ဒေါ်လာနှင့် ကြိမ်တစ်တန်လျှင် (၆၀၀) ဒေါ်လာ၊ ပဲတီစိမ်း တစ်တန်လျှင်(၆၆၀)ဒေါ်လာ၊ မြေထောက်ပဲတစ်တန်လျှင် (၁၄၈၄)ဒေါ်လာ၊ ရော်ဘာတစ်တန်လျှင် (၁၃၀၀) ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခမှာ ဗန်းမော်မှလွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၁၅၀) ကျပ် ရှိကြောင်းသိရှိရပါသည်။

ယခုအပတ်အတွင်းပတ္တာကြိုး (၁၅.၀၀) တန်၊ တန်ဖိုး (၀.၀၁၈) ဒေါ်လာသန်း၊ ကော်စေ့ (၁၃.၄၀) တန်၊ တန်ဖိုး (၀.၀၁၂) ဒေါ်လာသန်း၊ ကုန်စုံ (၄၁.၅၀) တန်၊ (၃၂၁၆) U၊ (၂၀၀) Pr၊ တန်ဖိုး (၀.၀၅၃) ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့ပါသည်။ သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့် နှစ်ဘီးထွန်စက်တစ်စီးလျှင် (၆၀၀)ဒေါ်လာ၊ စက္ကူလိပ် တစ်တန်လျှင် (၃၅၀) ဒေါ်လာ၊ ပီနံအိတ် တစ်တန်လျှင် (၈၀၀) ဒေါ်လာ၊ ပိတ်လိပ် တစ်တန်လျှင် (၅၇၀) ဒေါ်လာ၊ချည်ခင်တစ်တန်လျှင် (၆၆၇) ဒေါ်လာရှိ၍ လွယ်ဂျယ်မှဗန်းမော်သို့ သယ်ယူပို့ဆောင်ခမှာ (၁၂) ဘီးယာဉ်(၁)စီးလျှင်ကုန်ကျစ်(၁၂၀၀၀၀၀)ကျပ်၊ ကုန်ပွ(၈၀၀၀၀၀)ကျပ်နှင့် ကုန်စုံတစ်စီးလျှင် (၁၀၀၀၀၀၀ ) ကျပ် ဝန်းကျင်ရှိကြောင်းသိရှိရပါသည်။

ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်းများအား မန္တလေး- လက်ပံလှ - ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်း၊ ဗန်းမော်ဒေသထွက် ပို့ကုန်ပစ္စည်းများအား ဗန်းမော် - မိုးမောက်(ကျောက်စခန်း) - စိန်လုံ  - လွယ်ဂျယ် လမ်းကြောင်းအတိုင်း တင်ပို့လျက်ရှိပြီး  သွင်းကုန်ပစ္စည်းများအား  လွယ်ဂျယ် - စိန်လုံ - မိုးမောက်  ( ကျောက်စခန်း)-ဗန်းမော်လမ်းကြောင်းအတိုင်း ကုန်သွယ်မှုပြုလုပ်လျက် ရှိပါသည်။

လွယ်ဂျယ်နယ်စပ်ဒေသ ငွေကြေးဈေးကွက်အနေဖြင့် ၁၅-၁၀-၂၀၂၃ရက်နေ့မှာ (၁)ယွမ်လျှင် (၄၅၅)ကျပ်ဖြစ်ခဲ့ပြီး ၁၇-၁၀-၂၀၂၃ ရက်နေ့မှာတော့ (၁)ယွမ်လျှင် (၄၅၀)ကျပ်ဖြစ်၍မြန်မာကျပ်ငွေဈေး တက်ခဲ့ကြောင်း သိရှိရပါသည်။

Source: https://commerce.gov.mm

Category: Local News