Local News

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Last Updated:

တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံများနှင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (ဧပြီလမှအောက်တိုဘာလ ၁၇ ရက်ထိ) ပို့ကုန် ကန်ဒေါ်လာ (၃၁.၉၁၄) သန်း၊ သွင်းကုန် ကန်ဒေါ်လာ (၅၄.၅၆၅) သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ(၈၆.၄၇၉) သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ (၁၇-၁၀-၂၀၂၃) ရက်နေ့တွင် ပို့ကုန်တင်ပို့မှုအနေဖြင့် Maganese Dioxide(၂၂၈) တန်၊ တန်ဖိုး(၀.၀၁၈)ဒေါ်လာသန်းနှင့် ပလပ်စတစ်ဖြတ်စ(၁၂)တန်၊ တန်ဖိုး (၀.၀၀၆)ဒေါ်လာသန်းနှင့်စက္ကူဖြတ်စ (၃၀)တန်တန်ဖိုး (၀.၀၀၃)ဒေါ်လာသန်း၊ စုစုပေါင်း(၀.၀၂၇)ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ ထိုင်းနိုင်ငံသုံး ဘတ်ငွေလဲနှုန်းအနေဖြင့်(၁၈-၁၀-၂၀၂၃)ရက်နေ့တွင်ကျပ်(၁)သိန်းလျှင်(၁၀၈၅)ဘတ်ဖြစ်ပေါ်ခဲ့ပါသည်။

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ စက်သုံးဆီ၊ ဘိလပ်မြေနှင့်ဆောက်လုပ်ရေးသုံးပစ္စည်းများ အဓိက တင်သွင်းလျက်ရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (အောက်တိုဘာလ ၁၇ ရက်ထိ)တွင် လျာထားချက်အပေါ် (၁၀၁.၀၅ %) ဆောင်ရွက်နိုင်ခဲ့ပါသည်။ ၁၇-၁၀-၂၀၂၃ ရက်နေ့တွင်ဒီဇယ် (၇၈၆) BBL၊ တန်ဖိုး (၀.၀၉၇) ဒေါ်လာသန်း၊ ဘိလပ်မြေ (၃၅) တန်၊ တန်ဖိုး (၀.၀၀၃) ဒေါ်လာသန်း၊​မီးခံအုတ် (၄၃.၅) တန်၊ တန်ဖိုး (၀.၀၀၆) ဒေါ်လာသန်း၊ ကွန်ကရစ်အမိုးပြား(၁၈.၁) တန်၊ တန်ဖိုး (၀.၀၀၄) ဒေါ်လာသန်း နှင့် အခြားပစ္စည်းများ (၃၃.၅၅)တန်၊ တန်ဖိုး (၀.၀၂၂) ဒေါ်လာသန်းတင်သွင်းခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News