Local News

ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်း တင်သွင်းမှုအခြေအနေ

Last Updated:

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့မှ ၁၇ ရက်နေ့အထိ ပို့ကုန်တန်ချိန် (၁၇၀၅)၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၁.၅၈၅)သန်းနှင့် သွင်းကုန်တန်ချိန်(၁၁၅)၊ BBL (၁၅၀၀)၊ (၉၀၃၄) M2၊တန်ဖိုး အမေရိကန် ဒေါ်လာ(၀.၂၆၃)သန်းဖြစ်ပြီး ကုန်သွယ်မှုပမာဏမှာ(၁.၈၄၈) ဒေါ်လာသန်းဖြစ်ပါသည်။ အများဆုံးတင်ပို့ နိုင်သည့် ပို့ကုန်ပစ္စည်း(၁၀)မျိုးမှာ ဆီအုန်း တန်ချိန် (၁၆၀)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၃၀၀၀.၀၀)၊ (၁)တန် ဈေးနှုန်း (၈၁.၂၅)အမေရိကန်ဒေါ်လာ၊ ငါးပါကင်တန်ချိန်(၄၃.၂၉၀)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၇၂၇၂.၇၀)၊ (၁) တန်ဈေးနှုန်း (၆၃၀) အမေရိကန်ဒေါ်လာ၊ ဘောင်းကြေးငါးတန်ချိန် (၂၂.၈၃၅)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၀၅၅၁.၅၀)၊ (၁)တန်စျေးနှုန်း (၉၀၀)အမေရိကန်ဒေါ်လာ၊ ပလာတူးငါး တန်ချိန် (၆၁.၅၃၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၂၉၉.၄၀)၊ (၁)တန်စျေးနှုန်း (၉၈၀)အမေရိကန်ဒေါ်လာ၊ ရေကြည်ငါး တန်ချိန် (၉.၀၂၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၁၄၃၄၁.၈၀)၊ (၁)တန် စျေးနှုန်း(၁၅၉၀) အမေရိကန်ဒေါ်လာ၊ ငါးမဲလုံး တန်ချိန် (၃၅.၈၃၅)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၄၉၄၅၂.၃၀)၊ (၁)တန်စျေးနှုန်း (၁၃၈၀)အမေရိကန် ဒေါ်လာ၊ ကြိမ်မွေ့တောင်းငါး တန်ချိန် (၃.၅၆၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၅၅၅၃.၆၀)၊ (၁)တန်စျေးနှုန်း (၁၅၆၀)အမေရိကန်ဒေါ်လာ၊ ငါးခွေးလျှာတန်ချိန်(၉.၆၈၀)၊တန်ဖိုးအမေရိကန်ဒေါ်လာ (၁၀၈၄၁.၆၀)၊ (၁)တန် စျေးနှုန်း (၁၁၂၀)အမေရိကန်ဒေါ်လာ၊ ငါးစက္ကူတန်ချိန်(၂.၀၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၄၁၆၀.၀၀)၊ (၁)တန်စျေးနှုန်း(၂၀၈၀)အမေရိကန်ဒေါ်လာ၊ ကင်းမွန်တန်ချိန်(၉.၉၁၀)၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၂၄၃၅၄.၀၀)၊   (၁)တန်စျေးနှုန်း (၂၄၆၀) အမေရိကန်ဒေါ်လာတို့ဖြစ်ပါသည်။

အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းမှာဒီဇယ်ဆီ တန်ချိန် (၂၀၀)တန်၊ တန်ဖိုးအမေရိကန် ဒေါ်လာ(၂၀၇၀၀၀)၊ (၁)တန်ဈေးနှုန်း (၁၀၃၅) အမေရိကန်ဒေါ်လာ၊ ကြွေပြားအရေအတွက် (၉၀၃၄)M2 ၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၂၀၀၀) ၊ (၁) M2 ဈေးနှုန်း (၂.၄၃) အမေရိကန်ဒေါ်လာ၊ စက္ကူကြမ်း တန်ချိန် (၂၄) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၀၀၀၀) ၊ (၁) တန်ဈေးနှုန်း (၈၃၃.၃၃) အမေရိကန်ဒေါ်လာ၊ စားသောက်ကုန်ကြမ်းတန်ချိန် (၆၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၁၀၀၀၀)၊ (၁) တန်ဈေးနှုန်း (၁၆၆.၆၆)အမေရိကန်ဒေါ်လာ၊ ဓာတုဗေဒပစ္စည်းတန်ချိန်(၃၁) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၄၀၀၀) ၊ (၁) တန်ဈေးနှုန်း (၁၂၉.၀၃)အမေရိကန်ဒေါ်လာဖြစ်ပြီး ငါးသယ်လှေကုန် (၁)တန် ရေယာဉ်ခ (ကုန်ကျစ်) ၂၁၀၀၀ိ/- ကျပ် ရှိကြောင်း သိရှိရပါသည်။

ကော့သောင်းနယ်စပ်ဒေသ၌ ပို့ကုန်၊သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုကိစ္စရပ်များကို သက်ဆိုင်ရာ AD Bank များဖြစ်သည့် A Bank ၊ MEB ၊ KBZ၊ AYA တို့ဖြင့် ဆောင်ရွက်လျက်ရှိသည်။(၁၈-၁၀-၂၀၂၃) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁)သိန်းလျှင် (၁၀၉၃.၀၀)ဘတ်၊ (၁) ဘတ်လျှင် မြန်မာငွေ (၉၁.၅) ကျပ်ခန့် (၁၅-၁၀-၂၀၂၃) ရက်နေ့ နှိုင်းယှဉ်လျှင် တည်ငြိမ်လျက်ရှိသည်။ စက်သုံးဆီဈေးနှုန်းများအနေဖြင့် ဓာတ်ဆီ ၁ ဂါလံလျှင် (၁၃၀၅၀)ကျပ်၊ ဒီဇယ် ၁ ဂါလံလျှင် (၁၃၀၅၀) ကျပ်ဖြင့်တည်ငြိမ်လျက်ရှိသည်။

Source: https://commerce.gov.mm

Category: Local News