Local News

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုအခြေအနေ

Last Updated:

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန်(၃.၀၀၀)ဒေါ်လာသန်းနှင့် သွင်းကုန် (၁.၃၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၄.၃၀၀) ဒေါ်လာသန်း ဖြစ်ပါသည်။ အောက်တိုဘာလ (၁၇) ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန် (၀.၅၃၀) ဒေါ်လာသန်း၊ သွင်းကုန် (၁.၀၂၃) ဒေါ်လာသန်း၊ စုစုပေါင်း (၁.၅၅၃) ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက် အပေါ် (၃၆.၁၁၆%) ဆောင်ရွက်ပြီးဖြစ်ပါသည်။

အောက်တိုဘာလ (၁၇)ရက်အတွင်း ပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ လောင်စာတောင့်၊ ရှောက်ကောသီးတို့ တင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များနှင့် သစ်သီးများ တင်သွင်းနိုင်ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ(၁၇)ရက်နေ့အထိ ပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျော တင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၄၉၃) ယွမ်/ (၃၄၅.၄၀)ဒေါ်လာတို့ဖြင့် တန်ချိန် (၁၄၆၇) တန်၊ တန်ဖိုး (၅၀၅၇၇၉) ဒေါ်လာနှင့် လောင်စာတောင့် ဈေးနှုန်းတစ်တန်လျှင် (၁၆၈၀) ယွမ်/ (၂၃၀)ဒေါ်လာတို့ဖြင့် တန်ချိန် (၂၅.၀၀၀) တန်၊ တန်ဖိုး (၅၇၅၀.၀၀) ဒေါ်လာ၊ရှောက်ကောသီး ဈေးနှုန်းတစ်တန်လျှင် (၈၀၀၀) ယွမ်/ (၁၀၉၄)ဒေါ်လာတို့ဖြင့် တန်ချိန် (၁၆.၀၀၀) တန်၊ တန်ဖိုး (၁၇၅၃၁.၀၀၀)ဒေါ်လာတင်ပို့နိုင်ခဲ့ပါသည်။

အများဆုံးသွင်းကုန်ပစ္စည်းများအနေဖြင့် POTASSIUM FERTILIZERဈေးနှုန်းတစ်တန်လျှင် (၂၆၀၀) ဒေါ်လာဖြင့် တန်ချိန် (၁၆၀.၀၀၀) တန်၊ တန်ဖိုး (၅၆၉၂၀.၂၈၀) ဒေါ်လာ၊ Iron Sheet In Coil ဈေးနှုန်းတစ်တန်လျှင် (၅၀၂၀) ဒေါ်လာဖြင့် တန်ချိန် (၃၂.၂၅၀) တန်၊ တန်ဖိုး (၂၆၃၃၈.၂၀၀) ဒေါ်လာ၊Iron Nail ဈေးနှုန်းတစ်တန်လျှင် (၆၆၀) ဒေါ်လာဖြင့် တန်ချိန် (၅၈၈၈၇.၃၀၀) တန်၊ တန်ဖိုး (၄၆၀၇၈.၀၀၀)ဒေါ်လာ၊ Iron Pipe ဈေးနှုန်း တစ်တန်လျှင်(၆၅၀)ဒေါ်လာဖြင့် တန်ချိန် (၆၇.၅၀၀) တန်(၆၇.၅၀၀) တန်၊ တန်ဖိုး (၄၄၁၄၅.၀၀) ဒေါ်လာ၊ Artificial Grass ဈေးနှုန်း တစ်တန်လျှင်(၆၅၀) ဒေါ်လာဖြင့် တန်ချိန် (၁၀၂.၉၀၀)တန်၊ တန်ဖိုး(၈၁၀၅၀.၄၄၀) ဒေါ်လာ၊ Apple တစ်တန်လျှင် (၄၂၃) ဒေါ်လာဖြင့်  တန်ချိန်(၄၃.၁၀၀)တန်၊ တန်ဖိုး (၁၆၄၀၀.၈၆)ဒေါ်လာ၊ Orangeတစ်တန်လျှင် (၂၃၀) ဒေါ်လာဖြင့်  တန်ချိန်(၆၅.၁၀)တန်၊ တန်ဖိုး (၂၀၈၆၄.၇၆) ဒေါ်လာ၊  Ceramic Tile Plain  ဈေးနှုန်း (1 M2)လျှင် (၄.၁) ဒေါ်လာဖြင့် (၁၂၂၀၆) M2 ၊ တန်ဖိုး (၅၉၃၃၂.၂၅၀) ဒေါ်လာ၊ တင်သွင်းနိုင်ခဲ့ပြီး အခြားရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ (ပန်းသီး ၊ လိမ္မော်သီး  နှင့် အဝတ်အထည်များ) တင်သွင်းနိုင်လျက်ရှိပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့် တင်ဆောင် ခြင်းမဟုတ်ဘဲ ငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင်ယာဉ်များသည် သက်ဆိုင်ရာကုမ္ပဏီပိုင်ယာဉ်များဖြင့်သာ တင်ပို့တင်သွင်းခြင်းဖြစ်ပါသည်။

ကံပိုင်တည်-ဝိုင်းမော်-မြစ်ကြီးနား ကုန်သွယ်မှုလမ်းကြောင်း၌ တောင်ပြိုခြင်း၊ လမ်းပိတ်ဆို့ ခြင်းများမရှိဘဲ ကုန်တင်ယာဉ်များ ပုံမှန်သွားလာလျက်ရှိပါသည်။

Source: https://commerce.gov.mm

Category: Local News