Local News

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ(၇)ရက်နေ့မှ(၁၇) ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှုမှာပို့ကုန် (၅.၉၀၆) ဒေါ်လာသန်း၊ သွင်းကုန် (၁၈.၇၅၈) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ(၂၄.၆၆၄)ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့ပါသည်။

အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်း(၁၀)မျိုးမှာ ရော်ဘာ (၁၈၃၇.၇၅)တန်၊ တန်ဖိုး (၂.၂၅၂) ဒေါ်လာသန်း၊ ဆန်ကွဲ (၁၁၇၁.၂၅)တန်၊ တန်ဖိုး (၀.၄၉၈)ဒေါ်လာသန်း၊ ပြောင်း (၁၆၄၁.၅၀) တန်၊ တန်ဖိုး (၀.၄၄၂)ဒေါ်လာသန်း၊ နှမ်း(နက်) (၂၅၅.၅၅)တန်၊ တန်ဖိုး (၀.၃၉၇)ဒေါ်လာသန်း၊ ပဲယင်း (၃၄၀.၀၀)တန်၊ တန်ဖိုး (၀.၂၇၆)ဒေါ်လာသန်း၊ ဆန် (၅၃၉.၇၅) တန်၊ တန်ဖိုး(၀.၂၄၃) ဒေါ်လာသန်း၊ ဝဥခြောက် (၁၃၅.၃၅)တန်၊ တန်ဖိုး (၀.၂၃၈)ဒေါ်လာသန်း၊ ထောပတ်ပဲ (၁၃၃.၃၀) တန်၊ တန်ဖိုး (၀.၁၇၁) ဒေါ်လာ သန်း၊ မြေထောက်ပဲ (၃၂.၀၀)တန်၊ တန်ဖိုး (၀.၀၅၂) ဒေါ်လာသန်းနှင့် မြေပဲ(အခွံပါ) (၅၃.၉၀)တန်၊ တန်ဖိုး (၀.၀၄၀)ဒေါ်လာသန်းတင်ပို့နိုင်ခဲ့သည်။

အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း(၁၀)မျိုးမှာ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ (၅.၃၁၃)ဒေါ်လာသန်း၊ ချည်ထည်များ (၂.၀၆၅)ဒေါ်လာသန်း၊ ဇာနှင့်ဇာထိုးထားသောအထည်အလိပ်များ (၁.၇၂၅)ဒေါ်လာသန်း၊ဓာတ်မြေဩဇာ (၀.၆၉၃)ဒေါ်လာသန်း၊ ချုပ်ပြီးအဝတ်အထည်များ (၀.၆၀၆) ဒေါ်လာသန်း၊ သားရေ၊သားရေတုဖြင့် ပြုလုပ်သောပစ္စည်း (၀.၅၄၈) ဒေါ်လာသန်း၊ စက်နှင့်စက်ပစ္စည်းများ (၀.၄၈၈) ဒေါ်လာသန်း၊ ဆေးဝါးပစ္စည်းများ (၀.၂၅၈)ဒေါ်လာသန်းနှင့် မီးဖိုချောင်သုံးပစ္စည်းများ (၀.၂၄၀) ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့ပါသည်။

ကုန်စည်သယ်ယူစရိတ်အနေဖြင့် မန္တလေးမှ ချင်းရွှေဟော်သို့ ယခုအပတ်တွင် အတက်ကုန်ကားခ တစ်ပိဿာလျှင်(၈၀) ကျပ်ရှိကြောင်း သိရှိရသည်။ အဆင်းကုန် ကုန်ကျစ်ကားခ တစ်ပိဿာလျှင် (၁၇၀) ကျပ်၊ ကုန်ပွကားခ တစ်ပိဿာလျှင် (၁၈၅) ကျပ်ရှိကြောင်းသိရသည်။ လယ်ယာထွက်ကုန်ပစ္စည်းများ ၏(၁)တန်ဈေးနှုန်းမှာ ဆန် (၄၅၇) ဒေါ်လာနှုန်း၊ ဆန်ကွဲ (၄၄၂) ဒေါ်လာနှုန်း၊ ပဲတီစိမ်း (၈၄၂) ဒေါ်လာ နှုန်း၊ မြေထောက်ပဲ (၁၁၄၂) ဒေါ်လာနှုန်း၊ ပဲလွန်းဖြူ (၆၇၁) ဒေါ်လာနှုန်း၊ ပြောင်း (၃၂၈) ဒေါ်လာနှုန်း၊ နှမ်း(၁၇၁၄) ဒေါ်လာနှုန်း၊ ရော်ဘာ (၁၁၄၂) ဒေါ်လာနှုန်း၊ ငရုတ်အစို (၇၁၄) ဒေါ်လာနှုန်း၊ ငရုတ်ခြောက် (၁၂၈၅) ဒေါ်လာနှုန်းရှိခဲ့ကြောင်း သိရှိရသည်။ မန္တလေး၊ လားရှိုး၊ သိန္နီ၊ ကွမ်းလုံ၊ ချင်းရွှေဟော်ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်ပြီး ပို့ကုန်ယာဉ်၊ သွင်းကုန်ယာဉ်များ လွယ်ကူချောမွေ့စွာ သွားလာနိုင်ကြောင်း သိရှိရသည်။

တစ်ဖက်နိုင်ငံ၊ တရုတ်ပြည်တွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၈) ရက်နေ့အထိ ဆန်မာတစ်အိတ် လျှင် (၂၁၀) ယွမ်၊ ဆန်ပျော့တစ်အိတ်လျှင် (၂၈၀) ယွမ်၊ ဆန်ကွဲတစ်အိတ်လျှင် (၁၅၀) ယွမ်နှင့် ပြောင်း တစ်အိတ်လျှင် (၁၂၅) ယွမ်ဈေး ပေါက်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

တစ်ဖက်နိုင်ငံ ချင်းရွှေဟော်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုလူနာတွေ့ရှိရသဖြင့် နှစ်နိုင်ငံ နယ်စပ်ဂိတ်(နမ့်ဖာဟော်) ကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄) ရက်နေ့မှစ၍ တရုတ်နိုင်ငံမှ ယာယီပိတ် ထားခဲ့ရာမှ နမ့်ဖာဟော်တံတားကို ၂၀၂၂ ခုနှစ်၊ မတ်လ (၂၂) ရက်နေ့တွင် ပြန်လည်ဖွင့်လှစ် ဆောင်ရွက်နိုင်ခဲ့သဖြင့် နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ခဲ့သည်။ သို့ရာတွင် နှစ်နိုင်ငံ လူအဝင်အထွက်အား တစ်ဖက်နိုင်ငံမှ ခွင့်ပြုထားခြင်းမရှိသေးသည့်အတွက် ယာဉ်မောင်းများသည် နမ့်ဖာဟော် တံတားပေါ်တွင် ယာဉ်ချိန်းပြောင်းသည့်စနစ်ဖြင့် မောင်းနှင်ခဲ့ရသည်။ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၃)ရက်နေ့(၁၀:၀၀)အချိန်တွင် နှစ်နိုင်ငံလူအဝင်/အထွက်အားပြန်လည် ဖွင့်လှစ်ခဲ့သည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၈) ရက်နေ့ မြန်မာကျပ်ငွေနှင့် တရုတ်ယွမ်ငွေလဲနှုန်းမှာ မြန်မာငွေ ကျပ် (၁၀၀)လျှင် တရုတ်ယွမ် (၀.၂၂၅) ယွမ်ဖြစ်ပြီး၊ (၁)ယွမ်လျှင် (၄၄၅) ကျပ်ရှိကြောင်း၊ ၁၆ ပဲ အခေါက်ရွှေ (၁) ကျပ်သား (၇၆၄၀.၄၄၉) ယွမ်၊ မြန်မာငွေကျပ် (၃၄၀၀၀၀၀) ရှိကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News