တစ်ပတ်အတွင်းမှာတော့ မတ်ပဲကတော့ စံချိန်တင်ဈေးမြင့်တက်ခဲ့ပေမယ့် ပဲစင်းငုံနီကတော့ အပြောင်းအလဲ မရှိဈေးငြိမ်နေပါတယ်။ ပြည်တွင်း ပဲမာအချို့ ဈေးမြင့်တက်သလို လက်ကျန်တွေ မရှိတဲ့အတွက် အချို့ပဲတွေ ဈေးကျဆင်းလာပါတယ်။
မတ်ပဲ
မတ်ပဲက ပြီးခဲ့တဲ့ အပတ်ကတည်းက ဈေးမြင့်တက်နေခဲ့တာ ဖြစ်ပြီး လက်ရှိမှာတေ့တော့ အမြင့်ဆုံးဈေး ရောက်ရှိနေပါတယ်။ ပွဲတော်ကာလ ဝယ်ယူမှုတွေကြောင့် ဈေးမြင့်တက်နေခဲ့တာ ဖြစ်ပြီး မြန်မာပြည်တွင်း မတ်ပဲ လက်ကျန်လျော့နည်းနေတာ ဖြစ်လို့ မတ်ပဲက ဆက်ပြီး ဈေးတက်နိုင်ဦးမယ်လို့ အိန္ဒိယနိုင်ငံ ဘက်က ကုန်သည်တွေက သုံးသပ်ထားပေမယ့်ပြည်တွင်း ကုန်သည်တွေကတော့ အများကြီးထပ်ပြီး တက်နိုင်ခြေ မရှိဘူးလို့လည်း ခန့်မှန်းထားကြပါတယ်။
လက်ရှိပေါက်ဈေးသည် အမြင့်ဆုံးဖြစ်ပြီး လက်ကြီးသမားတွေ လက်ထဲတွင်သာ ပဲရှိတော့တာဖြစ်တယ်လို့ ဆိုပါတယ်။ ပြည်တွင်းလက်ကျန်က လက်ရှိမှာ တန်ချိန် တစ်သိန်းကျော်လောက်သာ ကျန်ရှိနေပြီး ပြည်တွင်း မတ်ပဲ စိုက်ရတော့မှာ ဖြစ်တဲ့အတွက် မျိုးပဲတွေ အရောင်းအဝယ်ကောင်းနေတယ်လို့လည်း သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ မတ်ပဲ(FAQ/RC)က တစ်တန်ကို ၂၇၂၀၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ၈၀၀၀၀ ကျပ်ဈေးမြင့်တက်လာသည်။
မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၂၆၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀၀ ကျပ်ဈေးမြင့် တက်လာသည်။ နယ်ဈေးကွက်တွေမှာတော့ မတ်ပဲက တစ်တင်း ကို ၈၉၀၀၀ ထိ ပေါက်ဈေးရှိနေပြီး တစ်တင်းကို ၃၀၀၀လောက်ဈေးမြင့်တက်လာပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ သုံးပတ်ဆက်တိုက်ဈေးငြိမ်နေပါတယ်
ကုလားပဲ
ကုလားပဲဈေးကတော့ တစ်ပတ်အတွင်း ဈေးအနည်းငယ်ပြန်မြင့်တက်လာပါတယ်
မန္တလေးဈေးကွက် မှာ ကုလားပဲ(ထိုင်ဝမ်) က တစ်အိတ် ကို ၂၅၈၀၀၀ မှ ၂၆၀၀၀၀ကျပ်ရှိပြီး ၂၀၀၀ ကျပ် ကုလားပဲ V2 က တစ်အိတ်ကို ၂၇၀ ၀၀၀ကျပ်ရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်၊ကုလားပဲ V7 ကတော့ တစ်အိတ်ကိ ၂၈၀၀၀၀ ရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ် ဈေးမြင့်တက်လာပါတယ်။ ကုလား (၉၂၉)က တစ်အိတ်ကို ၂၆၄၀၀၀ မှ ၂၆၅၀၀၀၊ ရှိပြီးဈေးငြိမ်ပါတယ်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူကတော့ ပြီးခဲ့တဲ့အပတ်က ဈေးမြင့်တက်နေတာ ဖြစ်ပါတယ်။ ဈေးကွက်အတွင်း အဝင်နည်းနေပြီး အဝယ်သွက်နေတဲ့အတွက် ဈေးမြင့်တက်နေတာဖြစ်ပြီး ထပ်ပြီး ဈေးမြင့်တက်နိုင်ဦးမယ်လို့ ကြက်သွန်ဖြူကုန်သည်တွေက ဆိုပါတယ်။ လက်ရှိ ရန်ကုန်ဈေးကွက်မှာတော့ ကြက်သွန်ဖြူ(ကြူကုတ်)ရော (ရှမ်း) ရော နေ့စဉ် ပိဿာ ချိန် တစ်သောင်းအထက် အဝင်ရှိနေပေမယ့် ဈေးကောင်းနေတယ်လို့ သိရပါတယ်။ ကြက်သွန်ဖြူ(ကြူကုတ်)က ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တစ်ပိဿာကို ၇၈၀၀ မှ ၇၉၀၀ ရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။
ရှမ်းကြက်သွန်ကတော့ ဝယ်လိုအားကောင်းပြီး အဝင်နည်းလာတဲ့အတွ် တစ်ပိဿာကို ၈၀၀၀ မှ ၉၆၀၀ ရှိပြီး တစ်ပိဿာကို ၇၀၀ ကျပ်ဈေးတက်လာပါတယ်။
သကြား
ဆက်တိုက်ဈေးမြင့်တက်နေတဲ့ သကြားက ဒီတစ်ပတ်မှာ အနည်းငယ်ဈေးပြန်ကျဆင်းသွားပါတယ်
နှမ်းစျေးကွက်
ပြီးခဲ့တဲ့အပတ်ကဈေးမြင့်တက်ခဲ့
နှမ်းဖြူ(ဂျပန်)ကတော့တစ်အိတ်ကို ၃၇၀၀၀၀ မှ ၃၈၀၀၀၀ ရှိပြီး တစ်အိတ်ကို ၁၀၀၀၀ ကျပ်၊ နှမ်းဖြူ(ရိုးရိုး)ကတော့ တစ်အိတ်ကို ၃၆၀၀၀၀ မှ ၃၈၀၀၀၀ ရှိပြီး တစ်အိတ်ကို ၅၀၀၀ အသီးသီးဈေးကျဆင်းပါတယ်။
နှမ်းညိုကတော့ တစ်အိတ်ကို ၁၈၀၀၀၀ မှ ၁၈၅၀၀၀ ကြား ရှိပြီး ၅၀၀၀ ကျပ်ဈေးကျဆင်းပါတယ်။ ဈေးကွက်ထဲကို ဝင်လာတဲ့ နှမ်းနက်(ရိုးရိုး)ကတော့ တစ်အိတ်ကို ၂၈၀၀၀၀ ကနေ ၂၉၀၀၀၀ ကြား ဈေးအဖွင့်ရှိနေပါတယ်။ ဆက်တိုက်ဈေးမြင့်တက်နေခဲ့တဲ့ပန်းနှမ်းကတော့ တစ်အိတ်ကို ၁၉၀၀၀၀ မှ ၁၉၅၀၀၀ ရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
Source: https://t.me/htwettoe