Local News

တိုက်ကြီးမြို့နယ်၌ မတ်ပဲသီးနှံစိုက်ပျိုးမှု အခြေအနေ

Last Updated:

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်သည် သီးနှံအမျိုးအစားမျိုးစုံကို ရာသီအလိုက်စိုက်ပျိုးသော မြို့နယ်တစ်မြို့ဖြစ်ပြီး စိုက်ပျိုးရေးကို အဓိကထား၍ လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ယခုကာလ ဆောင်းရာသီတွင် မတ်ပဲသီးနှံကို စတင်စိုက်ပျိုးနေကြောင်း၊ မတ်ပဲသီးနှံ စိုက်ပျိုးထားရှိမှု အနေဖြင့် (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ်တွင် မတ်ပဲသီးနှံ စိုက်ပျိုးရန် (၃၂၉၇၄) ဧက လျာထားရာ (၃၃၉၉၅) ဧက စိုက်ပျိုးနိုင်ခဲ့ပြီး အထွက်တင်းပေါင်း (၅၇၂၄၇၆) တင်း၊ ရာခိုင်နှုန်းအား ဖြင့် (၁၆.၈၄) % ထွက်ရှိခဲ့ကြောင်း၊ ယခုနှစ် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် မတ်ပဲသီးနှံ (၁) နှစ်ပတ်လုံး စိုက်ဧက (၃၂၉၇၄) ဧကစိုက်ပျိုးရန်လျာထားပြီး အောက်တိုဘာလဆန်းမှ စတင်၍ စိုက်ပျိုးခဲ့ရာ အောက်တိုဘာလကုန်အထိ (၁၀၄၈) ဧက စိုက်ပျိုးပြီး ဖြစ်ကြောင်းနှင့် တိုက်ကြီးမြို့နယ်သည် ဆောင်းမတ်ပဲကိုသာ အဓိကထား၍ စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

Source: DOCA (ရန်ကုန်)

Source: https://commerce.gov.mm

Category: Local News