Local News

စစ်တွေကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံတို့အကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိရခိုင်ပြည်နယ်၊ စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေးစခန်းတို့ဖွင့်လှစ်၍ နယ်စပ်မှတစ်ဆင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။ စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ(၁၁)ရက်နေ့မှ (၁၇)ရက်နေ့အထိ အကောက်ခွန်ဦးစီးဌာန၏ အမှန်တင်ပို့/တင်သွင်း စာရင်းများအရ ပို့ကုန်အမေရိ ကန်ဒေါ်လာ(၀.၃၁၃၈)သန်းနှင့် သွင်းကုန်တင်သွင်းမှုမရှိကြောင်း သိရှိရပါသည်။

တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအနေဖြင့် မန်ကျည်းစေ့ (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၀၀) နှုန်းဖြင့်(၁၃၃)တန်၊ တန်ဖိုး(၀.၀၁၃၃)ဒေါ်လာသန်း၊ ဆီးဖတ်(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၁၁၅) နှုန်းဖြင့် (၁၀၂)တန်၊ တန်ဖိုး (၀.၀၁၁၇) ဒေါ်လာသန်း၊ ချင်း(အစို) (၁)တန်လျှင် အမေရိကန် ဒေါ်လာ (၄၅၀) နှုန်းဖြင့် (၁၉)တန်၊ တန်ဖိုး (၀.၀၀၈၆) ဒေါ်လာသန်း၊ အုန်းသီးခြောက် (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၃၀၀)နှုန်းဖြင့် (၂၉)တန်၊ တန်ဖိုး (၀.၀၀၈၇) ဒေါ်လာသန်း၊ ကွမ်းသီး(၁) တန် လျှင်အမေရိကန်ဒေါ်လာ(၂၃၉၃)နှုန်းဖြင့် (၃၁.၅)တန်၊ တန်ဖိုး (၀.၀၇၅၄)ဒေါ်လာသန်း၊ ငါးမြစ်ချင်း (၁-၂) (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၂၅၀)နှုန်းဖြင့် (၃၄.၃၂)တန်၊ တန်ဖိုး (၀.၀၄၂၉) ဒေါ်လာသန်း၊ ငါးမြစ်ချင်း(၂-၃) (၁) တန်လျှင်အမေရိကန်ဒေါ်လာ (၁၂၈၀)နှုန်းဖြင့် (၃၆.၀၉၆)တန်၊ တန်ဖိုး (၀.၀၄၆၂) ဒေါ်လာသန်း၊ ငါးမြစ်ချင်း(၃-၅) (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၃၂၀)နှုန်းဖြင့် (၄၆.၄၆၄)တန်၊ တန်ဖိုး (၀.၀၆၁၄) ဒေါ်လာသန်း၊ ငါးသိုင်းခေါင်းပွ(၅-၈) (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၂၆၀)နှုန်းဖြင့် (၄.၉၆)တန်၊ တန်ဖိုး (၀.၀၀၆၁) ဒေါ်လာသန်း၊ ငါးသိုင်းခေါင်းပွ (၈ကီလိုအထက်)(၁)တန်လျှင်အမေရိကန်ဒေါ်လာ (၁၄၀၀)နှုန်းဖြင့် (၅.၁၈၄)တန်၊ တန်ဖိုး (၀.၀၀၇၂) ဒေါ်လာသန်း၊ ငါးသလောက်(၈၀၀-၁၀၀၀) (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၅၆၉၀) နှုန်းဖြင့် (၂.၃၃၈)တန်၊ တန်ဖိုး (၀.၀၁၃၃) ဒေါ်လာသန်း၊ ငါးသလောက်(၁၀၀၀-၁၂၀၀) (၁) တန်လျှင်အမေရိ ကန်ဒေါ်လာ(၆၇၀၀)နှုန်းဖြင့် (၁.၉၀၇)တန်၊ တန်ဖိုး (၀.၀၁၂၈) ဒေါ်လာသန်း၊ ငါးသလောက် (၁၂၀၀- ၁၅၀၀) (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၈၃၃၀)နှုန်းဖြင့် (၀.၄၄)တန်၊ တန်ဖိုး (၀.၀၀၃၆) ဒေါ်လာ သန်းနှင့် ဆီးယိုထုပ် (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၂၅၀)နှုန်းဖြင့် (၁၀)တန်၊ တန်ဖိုး (၀.၀၀၂၆) ဒေါ်လာသန်းတို့ကို တင်ပို့နိုင်ခဲ့ပြီးသွင်းကုန်တင်သွင်းနိုင်မှုမရှိပါ။

ဒေါ်လာငွေလဲနှုန်းအနေဖြင့် (၁)ဒေါ်လာလျှင်(၁၂၃.၀၀) တာကာနှင့်(၁)တာကာလျှင် (၂၇.၆၅)ကျပ် ဖြစ်ကြောင်းသိရှိရပါသည်။ ကုန်ပစ္စည်းသယ်ယူစရိတ်သည် ရန်ကုန်-စစ်တွေကားခမှာ ကုန်ကျစ်(၁) ပိဿာ(၃၅၀)ကျပ်နှင့် ကုန်ပွ(၁)ပိဿာလျှင် (၄၀၀-၄၅၀)ကျပ်ရှိကြောင်း သိရှိရပါသည်။ စစ်တွေ-တက္ကနပ်ဖ်သင်္ဘောတင်ခမှာ (၁)ပိဿာလျှင် ကုန်ကျစ် (၁၁၀)ကျပ်ခန့်နှင့် ကုန်ပွ (၁၂၀)ကျပ်ခန့် ရှိကြောင်း သိရှိရပါသည်။

ရန်ကုန်-စစ်တွေ ကားလမ်းမှာ မိုးရာသီလမ်းတံတားခံနိုင်ဝန်အရ (၂၂) ဘီးကုန်ကားကြီးများ သွားလာနိုင်မှုမရှိဘဲ(၁၂)ဘီးနှင့် (၆)ဘီးယာဉ်များသာ သွားလာနိုင်ကြောင်း သိရှိရပါသည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ရေမိုင် (၇၀)ခန့် ကွာဝေးသော်လည်း ကုန်သွယ်မှုလမ်းကြောင်း အခြေအနေမှာ ပင်လယ်ပြင်ရာသီဥတုအခြေအနေပေါ်မူတည်၍ ကုန်တင်လှေများသွားလာလျက်ရှိပါ သည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ(၁၁)ရက်နေ့မှ (၁၇)ရက်နေ့အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ရွှေပေါက်ဈေးမှာ (၁) အောင်စလျှင် (၂၁၃၄၃၈.၀၀) တာကာနှင့် အခြေခံစားကုန်ဈေးနှုန်းများမှာ ဆန်(အဖြူ) (၁) ကီလို (၇၅.၀၀)တာကာ၊ ကြက်သွန်နီ (၁)ကီလို (၇၅.၀၀) တာကာ၊ အာလူး (၁)ကီလို (၄၅.၀၀) တာကာ၊ ခရမ်းချဉ်သီး (၁)ကီလို (၁၅၀.၀၀) တာကာ၊ ကြက်သား (၁)ကီလို (၂၉၀.၀၀) တာကာ၊ ကြက်ဥ(၁)ဒါဇင်(၁၅၅.၀၀)တာကာ ဈေးရှိကြောင်း သိရှိရပါသည်။ အဆိုပါနေ့ရက်အတွင်းငွေလဲနှုန်း မှာ (၁)တာကာလျှင် (၂၇.၆၅) ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၎င်းတို့နိုင်ငံ၏ လယ်ယာလုပ်ငန်း လုပ်ကိုင်သူများအတွက် အဓိကထားထုတ်လုပ်လျက်ရှိသည့် ဓါတ်မြေသြဇာတင်ပို့မှုကို တင်းကြပ်စွာတားဆီးပိတ်ပင်လျက်ရှိကြောင်း ကုန်သည်လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

Source: https://commerce.gov.mm

Category: Local News