Local News

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Last Updated:

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ် (၁၁-၁၁-၂၀၂၃ မှ ၁၇-၁၁-၂၀၂၃) ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် ထောပတ်သီး (၄၁၁) တန်၊ တန်ဖိုး (၀.၂၂၆)ဒေါ်လာသန်း၊ ကြက်သွန်နီ (၆၀) တန်၊ တန်ဖိုး (၀.၀၅၀) ဒေါ်လာသန်း၊ ကြက်သွန်ဖြူ (၈၇) တန်၊ တန်ဖိုး (၀.၁၉၆) ဒေါ်လာသန်း၊ ရော်ဘာစေး (၂၀) တန်၊ တန်ဖိုး (၀.၀၁၈) ဒေါ်လာသန်း၊ စက္ကူဖြတ်စ (၂၁၈) တန်၊ တန်ဖိုး (၀.၀၂၅) ဒေါ်လာသန်း၊ အလူမီနီယမ်ဖြတ်စ (၄) တန်၊ တန်ဖိုး (၀.၀၀၉) ဒေါ်လာသန်းနှင့် ပလပ်စတစ်ဖြတ်စ (၁၂) တန်၊ တန်ဖိုး (၀.၀၀၅) ဒေါ်လာသန်း အပါအဝင် ပို့ကုန်တန်ဖိုး (၀.၃၅၉) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ ယခင်အပတ်ထက် ကြက်သွန်နီ (၁၅) တန်၊ တန်ဖိုး (၀.၀၁၃) ဒေါ်လာသန်း ၊ ရော်ဘာစေး (၂၀) တန်၊ တန်ဖိုး (၀.၀၁၈) ဒေါ်လာသန်း၊ အလူမီနီယမ်ဖြတ်စ (၄) တန်၊ တန်ဖိုး (၀.၀၀၉) ဒေါ်လာသန်းနှင့် ထောပတ်သီး (၂၄၅.၅) တန်၊ တန်ဖိုး (၀.၁၃၅) ဒေါ်လာသန်း ပိုမိုတင်ပို့နိုင်ခဲ့သဖြင့် ယခင်အပတ်ထက် (၀.၁၇၃) ဒေါ်လာသန်း ပိုမိုတင်ပို့နိုင်ခဲ့ပါသည်။ တစ်ပတ်အတွင်းပျမ်းမျှငွေလဲနှုန်းအနေဖြင့် ကျပ်(၁) သိန်းလျှင် (၁၀၈၈) ဘတ်ဖြစ် ပေါ်ခဲ့ပါသည်။

တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အဓိကတင်သွင်းလျက်ရှိရာ ယခုအပတ်(၁၁-၁၁-၂၀၂၃ မှ ၁၇-၁၁-၂၀၂၃ ထိ )တွင် ဓာတ်ဆီ (၂၀၉၃) BBL ၊ တန်ဖိုး (၀.၂၄၆) ဒေါ်လာသန်း၊ ဒီဇယ် (၃၁၄၄) BBL ၊ တန်ဖိုး (၀.၄၁၅) ဒေါ်လာသန်း၊ ဘိလပ်မြေ (၀.၀၁၂) ဒေါ်လာသန်း၊ ဖန်ဆောက်လုပ်ရေးပစ္စည်းများ (၀.၀၀၄) ဒေါ်လာသန်း၊ တွင်းထွက် (သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ (၀.၄၅၁) ဒေါ်လာသန်း၊ ဓါတုဗေဒပစ္စည်းများ (၀.၀၀၇) ဒေါ်လာသန်း၊ သုတ်ဆေး၊ ပေါလစ်များ (၀.၀၁၅) ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ (၀.၀၆၄) ဒေါ်လာသန်း၊ ဆပ်ပြာ (၀.၀၄၂) ဒေါ်လာသန်းအပါအဝင် သွင်းကုန်တန်ဖိုး (၁.၃၁၉) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။ ယခင်အပတ် (၄-၁၁-၂၀၂၃ မှ ၁၀-၁၁-၂၀၂၃ ထိ) နှင့်နှိုင်းယှဉ်ပါက သွင်းကုန်တန်ဖိုး (၀.၀၂၉) ဒေါ်လာ သန်းလျော့နည်းခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News