Local News

မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့်နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျက်ရှိရာ(၁၅-၁၁-၂၀၂၃)ရက်နေ့မှ(၁၉-၁၁-၂၀၂၃)ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့်လယ်ယာ ထွက်ကုန်ပစ္စည်းများဖြစ်သည့် ငရုတ်၊ ဂေါ်ဖီ၊ ကြက်သွန်နီ၊ နှမ်း၊ မတ်ပဲ၊ ရေထွက်ပစ္စည်းများဖြစ်သော ငါးကြင်းဆီဖောင်းခြောက်၊ကဏန်း၊ ပုစွန်၊ ငါးကြိတ်သား၊ ငါးပါးလျှပ်၊ ငါးမွှေထိုး၊ ကျောက်ငါး၊ ငါးသင်ဖြူး၊ ငါးခွေးလျှာ၊ တွင်းထွက်ပစ္စည်းများဖြစ်သော ခဲ/သတ္တုများနှင့်CMP ပစ္စည်းများကိုတင်ပို့ခဲ့ပါသည်။ (၁၅-၁၁-၂၀၂၃)ရက်နေ့မှ(၁၉-၁၁-၂၀၂၃)ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့်ပို့ကုန်ပစ္စည်းများမှာ ငရုတ်၊ ကြက်သွန်နီ၊ ရေထွက်ပစ္စည်းများနှင့် CMP ပစ္စည်းများဖြစ်ပါသည်။

ယခုအခါထိုင်းနိုင်ငံမှ စားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာဆောင်ရွက်လာမှုနှင့်အတူ အသုံးပြုရန် လိုအပ်ချက်ကြောင့် စားသောက်ကုန်ပစ္စည်း ကုန်ကြမ်းဝယ်လိုအား မြင့်တက်နေ၍ လတ်တလောကာလများတွင် ပိုမိုတင်ပို့နိုင်ခဲ့ပါသည်။ ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီနှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာ တင်ပို့နိုင်ရေးအတွက် ကုန်ပစ္စည်း စစ်ဆေးမှုများတွင်ဦးစားပေးဆောင်ရွက်ပေးလျက်ရှိပါသည်။

(၁၅-၁၁-၂၀၂၃) ရက်နေ့မှ (၁၉-၁၁-၂၀၂၃) ရက်နေ့ထိ သွင်းကုန်ပစ္စည်းတင်သွင်းမှုအနေဖြင့် တိရိစ္ဆာန်အစာ၊ စက်ဘီး၊ အဝတ်အထည်၊ စာရေးကိရိယာ၊ ကားအပိုပစ္စည်း၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများနှင့် ယာဉ်ယန္တရားများ၊ ဓာတ်မြေဩဇာ၊ ဆိုင်ကယ်အပိုပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန်၊ အလှကုန်ပစ္စည်း၊ CMP ၊ ဆေးဝါးများ၊ ဖိနပ်၊ သစ်သီးမျိုးစုံ၊ အိမ်သုတ်ဆေး၊ အိမ်သုံးပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ စက်နှင့် စက်ပစ္စည်း ကိရိယာများနှင့် ငါးဖမ်းပစ္စည်းတို့ကို တင်သွင်းခဲ့ပါသည်။

(၁၁-၁၁-၂၀၂၃) ရက်နေ့မှ (၁၄-၁၁-၂၀၂၃)ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ အဝတ်အထည်၊ CMP၊ စားသောက်ကုန်ပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ စက်နှင့်စက်အပိုပစ္စည်းများ၊ သစ်သီးမျိုးစုံနှင့် လူသုံးကုန်ပစ္စည်းတို့ ဖြစ်ပါသည်။ ပြင်ပငွေလဲနှုန်းအနေဖြင့် ယခင်အပတ်က တစ်ဘတ်လျှင် (၉၇.၀၉)ကျပ် ရှိပြီး ယခုအပတ်တွင် (၉၉.၀၁) ကျပ် ဖြစ်ပါသဖြင့်  ဘတ်စျေးအနည်းငယ် မြင့်တက်သွားပါသည်။

(၁၁-၁၁-၂၀၂၃ မှ ၁၇-၁၁-၂၀၂၃)ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငရုတ်သီး(အခြောက်)(၁)တန်လျှင် (၁၅၃၇.၈၂၈)‌ဒေါ်လာဖြင့် (၈၄၅.၉၉၈)တန်(၁.၃၁၀)ဒေါ်လာ သန်း၊ ကြက်သွန်နီ(၁)တန်လျှင်(၇၆၉.၅၈၇)ဒေါ်လာဖြင့် (၁၆၃၇.၂၄၀)တန် (၁.၂၆၀)ဒေါ်လာသန်း၊ ချုပ်ပြီးအထည် (၀.၀၅၆)တန်၊ (၂၃၅၉၈) U  (၀.၄၇၄) ဒေါ်လာသန်း၊ ဂေါ်ဖီ  (၁) တန်လျှင် (၂၀၀.၉၀၆) ဒေါ်လာဖြင့် (၁၉၈၆)တန် (၀.၃၉၉)ဒေါ်လာသန်း၊ မတ်ပဲ (၁) တန်လျှင် (၁၁၉၅.၃၁၂) ဒေါ်လာဖြင့် (၁၂၈.၀၀၀)တန်(၀.၁၅၃)ဒေါ်လာသန်း၊ ကော်ဖီ (၁)တန်လျှင် (၄၂၂၂.၂၂၂)‌ ဒေါ်လာဖြင့် (၃၆.၀၀၀) တန် (၀.၁၅၂)ဒေါ်လာသန်း၊ သတ္တုနှင့်သတ္တုရိုင်းများ (၁) တန်လျှင် (၁၅၆၇.၃၉၈) ဒေါ်လာဖြင့် (၉၅.၇၀၀) တန် (၀.၁၅၀) ဒေါ်လာသန်း၊ ငရုတ်(စိမ်း)(အစို)  (၁) တန်လျှင် (၃၂၅.၆၇၇) ဒေါ်လာဖြင့် (၂၇၉.၄၁၈) တန် (၀.၀၉၁) ဒေါ်လာသန်း၊ နှမ်း(နက်) (၁)တန်လျှင် (၁၅၂၅) ဒေါ်လာဖြင့် (၄၀.၀၀၀)တန်(၀.၀၆၁)ဒေါ်လာသန်း၊ ငါးမျိုးစုံ (၁) တန်လျှင် (၉၆၆.၈၈၄) ဒေါ်လာဖြင့် (၄၁.၃၇၀) တန် (၀.၀၄၀) ဒေါ်လာသန်းတို့ ဖြစ်ပါသည်။

(၁၁-၁၁-၂၀၂၃ မှ ၁၇-၁၁-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း (၁၀)မျိုးမှာ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ (၃.၉၉၉) ဒေါ်လာသန်း၊ ချုပ်ပြီးအထည် (၁.၈၅၀) ဒေါ်လာသန်း၊ စက်နှင့်စက်ပစ္စည်းများ(၁.၀၅၅)ဒေါ်လာသန်း၊ တွင်းထွက်(သတ္တုမှအပ)ဆောက်လုပ် ရေးပစ္စည်းများ(၁.၀၀၅)ဒေါ်လာသန်း၊ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ (၀.၈၄၅) ဒေါ်လာသန်း၊ သံနှင့်သံမဏိပစ္စည်းများ (၀.၆၁၆) ဒေါ်လာသန်း၊ အခြားစက္ကူများ (၀.၅၆၃) ဒေါ်လာသန်း၊ ဓါတုဗေဒပစ္စည်းများ (၀.၅၄၄) ဒေါ်လာသန်း၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ (၀.၅၁၉) ဒေါ်လာသန်း၊  ဆပ်ပြာ (၀.၄၇၆) ဒေါ်လာသန်းတို့ဖြစ်ပါသည်။

မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၁၇ ရက်နေ့ အထိအမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန်(၁၀.၃၈၉)ကန်ဒေါ်လာသန်း၊ သွင်းကုန်(၄၃.၄၄၇) ကန်ဒေါ် လာသန်း၊ ကုန်သွယ်မှုပမာဏ ( ၅၃.၈၃၆) ကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News