Local News

မောတောင်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၅ ) ရက်နေ့မှ (၁၉) ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၃၅၅၄) သန်း၊ သွင်းကုန်တန်ဖိုးအမေရိကန် ဒေါ်လာ (၀.၀၀၈၁) သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၃၆၃၅)သန်း ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်းမှ နိုဝင်ဘာလ(၁၅) ရက်နေ့မှ ( ၁၉ ) ရက်နေ့အထိ အဓိကတင်ပို့ခဲ့သော ကုန်ပစ္စည်းများမှာ ငါးမျိုးစုံ (၁၂၉.၃) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၄၈၆)သန်း၊ ဂျင်းခရု (အရှင်) (၁၂.၄) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၈၈)သန်း၊ ရွှံ့ဂဏန်း (အရှင်) (၆.၈၅) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၂၆၃)သန်း၊ ဂဏန်း(အသေ) (၈.၃)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၉၉)သန်း၊ ရေခူဆားနယ်  (၂၄.၃)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၄၆၉)သန်း၊ ကျောက်ပုဇွန် (အရှင်) (၀.၆၄)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၃၂)သန်း၊ ပုစွန်ငါးပိ (၇)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၂)သန်း၊ ငှက်ပျောသီး (၅၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၆၆)သန်း၊ ငရုတ်သီးစိမ်း (၁၅.၈)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၂၃)သန်း၊ ကြက်သွန်နီ (၇၀.၈)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၄၄၈)သန်း၊ တံမြက်စည်း (၃၀၀၀၀)U၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၆)သန်း တင်ပို့နိုင်ခဲ့ပြီး အဓိကတင်သွင်းခဲ့သော ကုန်ပစ္စည်းများမှာ သစ်သီး (၆)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၇) သန်း၊ ပလပ်စတစ်ခွက်(၄)တန်၊တန်ဖိုးကန်ဒေါ်လာ (၀.၀၀၁၂)သန်း၊ ကြွေပြား (၁၆၀၀)M2၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၅၂)သန်း ဖြစ်ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့် ပို့ကုန်ပစ္စည်းများ၏(၁) တန် ဈေးနှုန်းမှာ - ငါးမျိုးစုံ (၁၁၄၉.၂၇) ဒေါ်လာနှုန်း၊ (၁၂၉.၃) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၄၈၆) သန်း၊ ဂျင်းခရု (အရှင်) (၁၅၁၆.၁၃) ဒေါ်လာနှုန်း၊ (၁၂.၄) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၈၈) သန်း၊ ရွှံ့ဂဏန်း (အရှင်) (၃၈၃၉.၄၂) ဒေါ်လာနှုန်း၊ (၆.၈၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၆၃) သန်း၊ ဂဏန်း (အသေ) (၁၁၉၂.၇၇) ဒေါ်လာနှုန်း၊ (၈.၃) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၉၉) သန်း၊ ရေခူဆားနယ် (၁၉၃၀.၀၄) ဒေါ်လာနှုန်း၊ (၂၄.၃) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၄၆၉) သန်း၊ ကျောက်ပုစွန်(အရှင်) (၂၀၆၂၅) ဒေါ်လာနှုန်း၊ (၀.၆၄) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၃၂) သန်း၊ ပုစွန်ငါးပိ (၁၇၁၄.၂၆) ဒေါ်လာနှုန်း၊ (၇) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၂) သန်း၊ ငှက်ပျောသီး(၃၀၁.၈၂)ဒေါ်လာနှုန်း၊ (၅၅)တန်၊တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၆၆)သန်း၊ ငရုတ်သီးစိမ်း (၇၇၈.၄၈) ဒေါ်လာနှုန်း၊ (၁၅.၈) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၂၃) သန်း၊ ကြက်သွန်နီ (၆၃၂.၇၇)ဒေါ်လာနှုန်း၊ (၇၀.၈)တန်၊တန်ဖိုးကန်ဒေါ်လာ (၀.၀၄၄၈)သန်း၊ တံမြက်စည်း (၁)ချောင်း လျှင် (၀.၂) ဒေါ်လာနှုန်း၊ (၃၀၀၀၀) U၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၆) သန်းဖြစ်သည်။

မောတောင်ကုန်သွယ်ရေးစခန်းမှ အဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁)တန်ဈေးနှုန်းမှာ - သစ်သီး (၂၈၃.၃၃) ဒေါ်လာနှုန်း၊ (၆)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၁၇) သန်း၊ ပလပ်စတစ်ခွက် (၃၀၀) ဒေါ်လာနှုန်း၊ (၄)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၁၂)သန်း၊ ကြွေပြား(၁) M2 လျှင်(၃.၂၅) ဒေါ်လာနှုန်း၊ (၁၆၀၀) M2၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၅၂)သန်း ဖြစ် ပါသည်။ မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့်ကုန်ပွ(၇၀၀,၀၀၀) ကျပ်ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင်မြိတ် - တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။

မောတောင်နယ်စပ်ဒေသ၌  ပို့ကုန်၊  သွင်းကုန်ဆိုင်ရာ  နှစ်နိုင်ငံငွေပေးချေမှုအနေဖြင့်  ဘဏ်စနစ်အသုံးပြု၍  ကုန်သွယ်မှုပြုလုပ်ဆောင်ရွက်လျက်ရှိပြီး  (၁၉-၁၁-၂၀၂၃)  ရက်နေ့  ပြင်ပငွေ  လဲနှုန်းမှာ မြန်မာငွေကျပ်(၁) သိန်းလျှင် ဘတ် (၁၀၃၀)၊ (၁) ဘတ်လျှင် မြန်မာငွေကျပ် (၉၇.၀၉) ကျပ်ခန့်ရှိပါကြောင်းနှင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဘတ်ဈေးအနည်းငယ်တက်ခဲ့ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

Source: https://commerce.gov.mm

Category: Local News