Local News

လွယ်ဂျယ်နယ်စပ်ကုန်စည်စီးဆင်းမှုအခြေအနေ

Last Updated:

လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့် (၁၅-၁၁-၂၀၂၃) မှ (၁၉-၁၁-၂၀၂၃) ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင်ဆန်(၁၀၅၅.၅၀)တန်၊ တန်ဖိုး (၀.၅၈၅)ဒေါ်လာသန်း၊ ဆန်ကွဲ (၈၈၅.၀၀)တန်၊တန်ဖိုး (၀.၃၈၉)ဒေါ်လာသန်း၊ ပြောင်း (၇၇၄.၆၇၈)တန်၊ တန်ဖိုး (၀.၂၀၂) ဒေါ်လာသန်း၊ ဖရဲသီး (၃၄၅.၂၀) တန်၊ တန်ဖိုး (၀.၀၄၉) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။

ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ဆန်တစ်တန်လျှင် (၄၆၉) ဒေါ်လာ၊ ဆန်ကွဲ တစ်တန်လျှင်(၄၀၈) ဒေါ်လာ၊ ပြောင်းတစ်တန်လျှင် (၃၁၀) ဒေါ်လာနှင့် ကြိမ်တစ်တန်လျှင် (၆၀၀) ဒေါ်လာ၊ ဖရဲသီး တစ်တန်လျှင် (၁၅၀)ဒေါ်လာ၊ ရော်ဘာတစ်တန်လျှင် (၁၃၀၀) ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခမှာ ဗန်းမော်မှလွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၁၅၀)ကျပ်ရှိကြောင်းသိရှိရပါသည်။

ယခုအပတ်အတွင်းသွင်းကုန်ပိုင်းတွင်တာယာ(၁၄၀) U၊ တန်ဖိုး (၀.၀၀၈) ဒေါ်လာသန်း၊ စက္ကူလိပ် (၅၈.၅၀) တန်၊ တန်ဖိုး (၀.၀၂၀) ဒေါ်လာသန်း၊ ကော်စေ့ (၆၂.၅၀) တန်၊ တန်ဖိုး (၀.၀၆၁) ဒေါ်လာသန်း၊ ဂျပ်ဖာ(၅.၅၀) တန်၊ တန်ဖိုး (၀.၀၀၂) ဒေါ်လာသန်း၊ ထွန်စက် (၃၃) U၊ တန်ဖိုး (၀.၀၃၀) ဒေါ်လာသန်း၊ တစ်သျှူးလိပ် (၁၂.၀၀) တန်၊ တန်ဖိုး (၀.၀၂၃) ဒေါ်လာသန်း၊ ပလပ်စတစ်လိပ် (၁၄.၀၀) တန်၊ တန်ဖိုး (၀.၀၁၀) ဒေါ်လာသန်း၊ ကော်ဇော (၂၇၀၀၀) PR၊ တန်ဖိုး (၀.၀၀၅) ဒေါ်လာသန်း၊ ဖော့ (၄.၅၀) တန်၊ တန်ဖိုး (၀.၀၀၃) ဒေါ်လာသန်း၊ သံချောင်း/သံပြား (၅၈.၅၀) တန်၊ တန်ဖိုး (၀.၀၄၀) ဒေါ်လာသန်း၊ ကုန်စုံ (၂၃၀.၀၀) တန်၊ (၄၀၀၂၈) U၊ (၁၆၀၀) PR၊ တန်ဖိုး (၀.၂၇၀) ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့ပါသည်။

သွင်းကုန်ပစ္စည်း ဈေးနှုန်းများအနေဖြင့် နှစ်ဘီးထွန်စက်တစ်စီးလျှင် (၆၀၀)ဒေါ်လာ၊ စက္ကူလိပ် တစ်တန်လျှင် (၃၅၀) ဒေါ်လာ၊ ပီနံအိတ် တစ်တန်လျှင် (၈၀၀) ဒေါ်လာ၊ ပိတ်လိပ် တစ်တန်လျှင် (၅၇၀) ဒေါ်လာ၊ ချဉ်ခင်တစ်တန်လျှင် (၆၆၇)ဒေါ်လာရှိ၍ လွယ်ဂျယ်မှဗန်းမော်သို့သယ်ယူပို့ဆောင်ခမှာ (၁၂)ဘီး ယာဉ်(၁)စီးလျှင် ကုန်ကျစ်(၁၂၀၀၀၀၀)ကျပ်၊ ကုန်ပွ(၈၀၀၀၀၀)ကျပ်နှင့်ကုန်စုံတစ်စီးလျှင် (၁၀၀၀၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရပါသည်။

ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်းများအား မန္တလေး- လက်ပံလှ - ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ်လမ်းကြောင်း၊ ဗန်းမော်ဒေသထွက်ပို့ကုန်ပစ္စည်းများအား ဗန်းမော် - မိုးမောက်  (ကျောက်စခန်း)  - စိန်လုံ - လွယ်ဂျယ်  လမ်းကြောင်းအတိုင်း  တင်ပို့လျက်ရှိပြီး  သွင်းကုန်ပစ္စည်းများအား  လွယ်ဂျယ်-စိန်လုံ-မိုးမောက်(ကျောက် စခန်း) -ဗန်းမော်လမ်းကြောင်းအတိုင်း ကုန်သွယ်မှုပြုလုပ်လျက်ရှိပါသည်။ လွယ်ဂျယ်နယ်စပ်ဒေသငွေကြေးဈေးကွက်အနေဖြင့် ၁၄-၁၁-၂၀၂၃ရက်နေ့မှာ (၁)ယွမ်လျှင် (၄၄၆) ကျပ်ဖြစ်ခဲ့ပြီး ၁၉-၁၁-၂၀၂၃ ရက်နေ့မှာတော့ (၁)ယွမ်လျှင် (၄၆၅) ကျပ်ဖြစ်၍ မြန်မာကျပ်ငွေဈေးကျခဲ့ကြောင်း သိရှိရပါသည်။

Source: https://commerce.gov.mm

Category: Local News