Local News

ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်း တင်သွင်းမှု အခြေအနေ

Last Updated:

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့ နေသောပစ္စည်းများမှာ ငါးမျိုးစုံ၊ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ ငါးပါကင်၊ ဆီအုန်းတို့ဖြစ်သည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့အထိ ပို့ကုန်တန်ချိန်(၃၇၉၇)၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၃.၅၁၆)သန်းနှင့် သွင်းကုန်တန်ချိန် (၂၅၇)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၈၈) သန်းဖြစ်ပြီး ကုန်သွယ်မှုပမာဏမှာ(၃.၆၀၄) ဒေါ်လာသန်းဖြစ်ပါသည်။ အများဆုံးတင်ပို့နိုင်သည့် ပို့ကုန်ပစ္စည်း(၁၀)မျိုးမှာဆီအုန်းတန်ချိန်(၂၇၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၃၀၀၀.၀၀)၊ (၁)တန် ဈေးနှုန်း (၈၅.၁၈)အမေရိကန်ဒေါ်လာ၊ ပလာတူးငါးတန်ချိန် (၃၉.၀၁၀)၊တန်ဖိုး အမေရိကန်ဒေါ်လာ (၃၈၂၂၉.၈၀)၊ (၁)တန်ဈေးနှုန်း(၉၈၀)အမေရိကန်ဒေါ်လာ၊ ငါးနီငယ်တန်ချိန် (၁၅၃.၃၄၀)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၆၁၀၀၇.၀၀)၊ (၁)တန်စျေးနှုန်း(၁၀၅၀) အမေရိကန်ဒေါ်လာ၊ ကဗျက်ငါး တန်ချိန်(၁၀၇.၈၆၀)၊တန်ဖိုးအမေရိကန် ဒေါ်လာ (၁၁၆၄၈၈.၈၀)၊ (၁)တန်စျေးနှုန်း (၁၀၈၀)အမေရိ ကန်ဒေါ်လာ၊ ကုလားကုတ်ငါး တန်ချိန် (၂.၂၀၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၃၄၃၂.၀၀)၊ (၁)တန် စျေးနှုန်း(၁၅၆၀)အမေရိကန်ဒေါ်လာ၊ ကြိမ်မွေ့တောင်းငါးတန်ချိန် (၁၂.၉၈၀)၊ တန်ဖိုးအမေရိကန် ဒေါ်လာ(၂၀၂၄၈.၈၀)၊ (၁)တန် စျေးနှုန်း(၁၅၆၀)အမေရိကန်ဒေါ်လာ၊ စက်ကလပ်ငါးတန်ချိန်(၄.၈၈၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၅၁.၂၀)၊ (၁)တန်စျေးနှုန်း(၁၂၄၀)အမေရိကန်ဒေါ်လာ၊ ငါးပါကင် တန်ချိန်(၂၃၀.၇၃၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၁၄၅၃၅၉.၉၀)၊ (၁)တန်စျေးနှုန်း (၆၃၀)အမေရိ ကန်ဒေါ်လာ၊ကင်းမွန်တန်ချိန်(၄၁.၈၈၈)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၀၃၀၄၄.၄၈၀)၊ (၁)တန်စျေး နှုန်း(၂၄၆၀)အမေရိကန်ဒေါ်လာ၊ ကဏန်းတန်ချိန်(၅.၃၀၀)၊တန်ဖိုးအမေရိကန်ဒေါ်လာ(၂၀၆၁၇.၀၀)၊ (၁)တန်စျေးနှုန်း (၃၈၉၀) အမေရိကန်ဒေါ်လာတို့ဖြစ်ပါသည်။

အများဆုံးတင်သွင်းခဲ့သည့်သွင်းကုန်ပစ္စည်းမှာသုတ်ဆေးတန်ချိန်(၆)တန်၊ တန်ဖိုးအမေရိကန် ဒေါ်လာ (၂၄၀၀၀.၀၀)၊ (၁)တန်ဈေးနှုန်း (၄၀၀၀) အမေရိကန်ဒေါ်လာ၊ ဓါတုဗေဒပစ္စည်းများ တန်ချိန် (၁၂၈)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၅၁၀၀၀.၀၀)၊ (၁)တန်ဈေးနှုန်း (၂၈၀.၂၁) အမေရိကန်ဒေါ်လာ၊ အိုင်အိုဒင်းဆားတန်ချိန် (၆၀)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၅၀၀၀.၀၀)၊ (၁)တန် ဈေးနှုန်း(၈၃.၃၃) အမေရိကန်ဒေါ်လာဖြစ်ပြီး ငါးသယ်လှေကုန် (၁)တန် ရေယာဉ်ခ(ကုန်ကျစ်) ၂၁၀၀၀ိ/- ကျပ်ရှိကြောင်း သိရှိရပါသည်။

ကော့သောင်းနယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုကိစ္စရပ်များကို သက်ဆိုင်ရာ AD Bank များဖြစ်သည့် A Bank ၊ MEB ၊ KBZ၊ AYA တို့ဖြင့် ဆောင်ရွက်လျက်ရှိသည်။ (၂၀-၁၁-၂၀၂၃) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁)သိန်းလျှင် (၁၀၃၀.၉၃)ဘတ်၊ (၁)ဘတ်လျှင် မြန်မာငွေ (၉၇) ကျပ်ခန့်(၁၉-၁၁-၂၀၂၃) ရက်နေ့ နှိုင်းယှဉ်လျှင် တည်ငြိမ်လျက်ရှိသည်။ စက်သုံးဆီဈေးနှုန်းများအနေဖြင့် ဓာတ်ဆီ ၁ ဂါလံလျှင် (၁၃၅၀၀)ကျပ်၊ ဒီဇယ် ၁ ဂါလံလျှင် (၁၃၅၀၀) ကျပ်ဖြင့်မြင့်တက်လျက်ရှိသည်။

Source: https://commerce.gov.mm

Category: Local News