Local News

မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Last Updated:

မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့မှနိုဝင်ဘာလ(၁၉) ရက်နေ့ အတွင်းပို့ကုန်တင်ပို့မှုငါးမှုန့် တစ်တန်လျှင် (၈၉၃) ဒေါ်လာနှုန်းဖြင့်(၆၀၀) တန်၊ တန်ဖိုး(၀.၅၃၆) ဒေါ်လာသန်းအား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့်လျှောက်ထားရယူ၍ ထိုင်းနိုင်ငံသို့ ကားလမ်းကြောင်းဖြင့် မောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ပရာကျွတ်ကရီခမ်ခရိုင်သို့ တင်ပို့နိုင်ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိကုန်(၁) တန်လျှင်ကားခ (ကုန်ကျစ်) ၁၀၀၀၀ဝိ/ -(ကျပ်တစ် သိန်း) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန်လမ်း ကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။

မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(၁၄)ရက်နေ့မှနိုဝင်ဘာလ (၁၉) ရက်နေ့အတွင်း သွင်းကုန်တင်သွင်းမှုဓါတ်ဆီတစ်တန်လျှင် (၉၇၀) ဒေါ်လာနှုန်းဖြင့်(၅၃၁) တန်၊ တန်ဖိုး (၀.၅၁၅) ဒေါ်လာသန်းတင်သွင်းခဲ့ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီတစ်လီတာ (၃၀၀၀) ကျပ်နှင့် ဒီဇယ်ဆီတစ်လီတာ (၃၀၄၅) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်း မှာ (၁) ဘတ်လျှင် (၉၁) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

Source: https://commerce.gov.mm

 

Category: Local News