Local News

မန္တလေးကုန်စည်ဒိုင်တွင် ပဲကြီးဈေးကွက်ဈေးအေးနေ

Last Updated:

နိုဝင်ဘာလ ဒုတိယပတ်အတွင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်တွင် ပဲမျိုးစုံအရောင်းအဝယ် ဖြစ်လျက်ရှိရာ ပဲကြီးမှာ ယခင်တစ်ပတ်က ဈေးမြင့်တက်ခဲ့သော်လည်း ယခုတစ်ပတ်တွင် ဈေးအေးလာကြောင်းသိရသည်။ လက်ကျန်နည်းလာပြီး၊ ပြည်ပတင်ပို့မှုနှင့် လက်ဖက်၊ ပဲကြော် လုပ်ငန်းသမားများမှ ဝယ်ယူမှုအေးသောကြောင့် ယခင်တစ်ပတ်ထက် ၅၆.၂၅ ပိဿာဝင် သုံးတင်းဝင်တစ် အိတ်လျှင် ၅၀၀၀ မှ ၁၅၀၀၀ နိမ့်ကျလာသည်။

ပဲကြီး (ကြီး) ၅၆.၂၅ ပိဿာဝင် သုံးတင်းဝင်တစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၃၉၀၀၀၀ မှ ၃၉၅၀၀၀၊ ယခင်တစ်ပတ် ကျပ် ၃၉၀၀၀၀ မှ ၄၀၀၀၀၀၊ ယခင်လ ကျပ် ၃၃၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ် ၅၀၀၀ နိမ့်ကျလာပြီး၊ ယခင်လထက် ကျပ် ၆၀၀၀၀ မှ ၆၅၀၀၀ မြင့် တက်လာသည်။ ပဲကြီး (လတ်) ၅၆.၂၅ ပိဿာဝင် သုံးတင်းဝင်တစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၃၇၀၀၀၀ မှ ၃၈၅၀၀၀  ၊ ယခင်တစ်ပတ် ကျပ် ၃၈၀၀၀၀ မှ ၃၈၅၀၀၀၊ ယခင်လ ကျပ် ၃၁၅၀၀၀ မှ ၃၂၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၀၀၀၀ နိမ့်ကျလာပြီး၊ ယခင်လထက် ကျပ် ၅၅၀၀၀ မှ ၆၅၀၀၀ မြင့်တက်လာသည်။

ပဲကြီး (သေး) ၅၆.၂၅ပိဿာဝင် သုံးတင်းဝင်တစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၃၄၀၀၀၀ မှ ၃၅၅၀၀၀၊ ယခင်တစ်ပတ် ကျပ် ၃၄၀၀၀၀ မှ ၂၅၅၀၀၀၊ ယခင်လ ကျပ် ၃၀၀၀၀၀ မှ ၃၀၅၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၅၀၀၀ ၊ ယခင်လထက် ကျပ် ၄၀၀၀၀ မှ ၅၀၀၀၀ မြင့်တက်လာသည်။

Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News