Local News

မန္တလေးကုန်စည်ဒိုင် ဈေးကွက်တွင် နှမ်းမျိုးစုံဈေးကွက် ဈေးအေးနေ

Last Updated:

မန္တလေးကုန်စည်ဒိုင်သို့ နိုဝင်ဘာလ ဒုတိယပတ်အတွင်း နှမ်းမျိုးစုံဈေးကွက်ထဲ ဝင်ရောက်နေပြီး၊ အညာမြစ်ရိုးတစ်လျှောက် ကသာနှင့် ဗန်းမော်ဘက်မှ နှမ်းအသစ်များ ဝင်ရောက်နေကြောင်း၊ ဈေးကွက်ထဲ တွင်နှမ်းအဝင်များနေပြီး၊ ပြည်ပဝယ်ယူမှုအေးခြင်း၊ အရောင်းအဝယ်အေးနေသည့်အတွက်  ဈေးဆက်တိုက် ကျဆင်းနေကြောင်း မန္တလေးကုန်စည်ဒိုင် ဈေးကွက်မှသိရသည်။

နှမ်းနက်(စမုံ) ၄၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၇၅၀၀၀ မှ ၃၃၅၀၀၀၊ ယခင်တစ်ပတ်ကျပ် ၂၇၀၀၀၀ မှ ၃၃၅၀၀၀၊ ယခင်လကျပ်  ၂၉၅၀၀၀ မှ ၃၅၅၀၀၀ ဖြစ်သည်။ ယခင် တစ်ပတ်ထက် ကျပ် ၅၀၀၀ မြင့်တက်လာပြီး၊ ယခင်လထက် ၂၀၀၀၀ နိမ့်ကျလာသည်။ နှမ်းဖြူ(ရိုးရိုး) ၄၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၃၁၀၀၀၀ မှ ၃၃၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၃၂၅၀၀၀ မှ ၃၅၀၀၀၀၊ ယခင်လကျပ် ၃၆၅၀၀၀ မှ ၃၇၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ် ၁၅၀၀၀ မှ ၂၀၀၀၀၊ ယခင်လထက်ကျပ် ၄၀၀၀၀ မှ ၅၅၀၀၀ နိမ့်ကျလာသည်။

နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၃၄၀၀၀၀ မှ ၃၅၅၀၀၀၊ ယခင်တစ်ပတ် ကျပ် ၃၅၅၀၀၀ မှ ၃၇၀၀၀၀၊ ယခင်လကျပ် ၃၈၀၀၀၀ မှ ၃၈၅၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၅၀၀၀၊ ယခင်လထက်ကျပ် ၃၀၀၀၀ မှ ၄၀၀၀၀ နိမ့်ကျလာသည်။

နှမ်းညို ၄၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၂၆၅၀၀၀ မှ ၂၇၀၀၀၀၊ ယခင် တစ်ပတ်ကျပ် ၂၇၀၀၀၀ မှ ၂၇၅၀၀၀ ၊ ယခင်လကျပ် ၂၉၀၀၀၀ မှ ၂၉၅၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ် ထက်ကျပ် ၁၀၀၀၀ နိမ့်ကျနေပြီး၊ ယခင်လထက်ကျပ်  ၂၀၀၀၀ မှ ၃၀၀၀၀ နိမ့်ကျလာသည်။

Source: မန္တလေးတိုင်းဒေသကြီးဦးစီမှူးရုံး

Category: Local News