ဈေးကွက်ဈေးနှုန်း

ပေါ်ဆန်းမွှေးဆန်(သစ်)၊ ဧည့်မထဆန်(မနောသုခ)(သစ်)၊ ဆန်ကွဲB(2,3,4)နှင့် ဖွဲနုဈေးများ တက်ပြီး ဆန်ကွဲB(1,2)ဈေးကျကာ ပေါ်ဆန်းမွှေးဆန်(ဟောင်း)၊ဧည့်မထဆန်(မနောသုခ)(ဟောင်း) ဈေးများတည်ငြိမ်လျှက်ရှိ

Last Updated:

      ပဲခူးတိုင်းဒေသကြီးအနေဖြင့် ဆန်မျိုးစုံရောင်းဝယ်မှုအပိုင်းကဏ္ဍတွင် ဆန်လက်ကျန်၊ စပါး လက်ကျန်အနည်းအများ၊ ရန်ကုန်ဝယ်လက်နှင့် သုံးစွဲသူတို့၏  ဝယ်လိုအားအနည်းအများအပေါ်တွင် မူတည်၍ ဆန်နှင့်ဆန်ကွဲ၊ ဖွဲနုဈေးများ အတက်အကျ ဖြစ်ပေါ်လျက်ရှိပါသည်။

      ပဲခူးကုန်စည်ဒိုင်အနေဖြင့် ၁၁-၂-၂၀၂၆ ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၇၀၀၀၀ ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်) တစ်အိတ် ၅၀၀၀ဝ ကျပ်၊ ပေါ်ဆန်းမွှေး ဆန် (ဟောင်း) တစ်အိတ် ၁၂၀၀၀ဝ ကျပ်၊ ပေါ်ဆန်းမွှေးဆန်(သစ်) တစ်အိတ် ၁၀၀၀၀ဝ ကျပ်၊ ဆန်ကွဲB(1,2) တစ်အိတ် ၄၃၀၀ဝ ကျပ်၊ ဆန်ကွဲB(2,3,4) တစ်အိတ် ၃၈၀ဝ၀ ကျပ်နှင့် ဖွဲနုတစ်အိတ် ၂၄၀၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ၂၀-၂-၂၀၂၆ ရက်နေ့တွင် ဧည့်မထဆန် (မနောသုခ)(ဟောင်း) တစ်အိတ် ၇၀၀၀၀ ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်) တစ်အိတ် ၆၀၀၀ဝ ကျပ်၊ ပေါ်ဆန်းမွှေး ဆန်(ဟောင်း) တစ်အိတ် ၁၂၀၀၀ဝ ကျပ်၊ ပေါ်ဆန်းမွှေးဆန်(သစ်) တစ်အိတ် ၁၁၅၀၀ဝ ကျပ်၊ ဆန်ကွဲ B(1,2)တစ်အိတ် ၄၂၀၀ဝ ကျပ်၊ ဆန်ကွဲB(2,3,4)တစ်အိတ် ၃၉၀၀၀ ကျပ်နှင့် ဖွဲနုတစ်အိတ် ၂၅၈၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

      ယခုတစ်ပတ်ကာလတူ နှိုင်းယှဉ်ချက်အရ ပေါ်ဆန်းမွှေးဆန်(သစ်)တစ်အိတ် ၁၅၀၀ဝ ကျပ်၊  ဧည့်မထဆန်(မနောသုခ)(သစ်) တစ်အိတ် ၁၀၀၀ဝ ကျပ်၊ ဆန်ကွဲB(2,3,4)တစ်အိတ် ၁၀၀ဝ ကျပ်နှင့် ဖွဲနုတစ်အိတ် ၁၈၀၀ ကျပ်တို့ ဈေးများမြင့်တက်ခဲ့ပြီး ဆန်ကွဲB(1,2)ဈေးမှာ ၁၀၀၀ ကျပ်ကျဆင်းကာ ပေါ်ဆန်းမွှေးဆန်(ဟောင်း)နှင့် ဧည့်မထဆန်(မနောသုခ)(ဟောင်း)တို့မှာ၏ ဈေးငြိမ်လျက်ရှိနေပါ သည်။ ပေါ်ဆန်းမွှေးဆန်(သစ်)၊ ဧည့်မထဆန်(မနောသုခ)(သစ်)၊ ဆန်ကွဲB(2,3,4)နှင့် ဖွဲနုဈေးများ မြင့်တက်ရခြင်းမှာ ဝယ်လိုအားများခြင်းကြောင့်ဖြစ်ပြီး ဆန်ကွဲB(1,2)ဈေးကျဆင်းရခြင်းမှာ ဝယ်လို အားနည်းခြင်းကြောင့် ဈေးကျဆင်းသွားခြင်းဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင်မှ သိရှိရသည်။   

                                ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး