ကချင်ပြည်နယ်တွင် ဒေသထွက်ခရမ်းချဉ်သီးများကို ဝိုင်းမော်မြို့နယ်၊ မိုးညှင်းမြို့နယ်နှင့် မြစ်ကြီးနားမြို့နယ်များတွင် စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်ကြပြီး၊ ယခုအခါဒေသထွက် ခရမ်းချဉ်သီး များ ဈေးကွက်အတွင်း ဝင်ရောက်လာပြီဖြစ်၍ ခရမ်းချဉ်သီးများကို ဈေးနှုန်းသက်သက်သာသာ ဖြင့် ဝယ်ယူရရှိလာပြီဖြစ်ကြောင်း သိရှိရသည်။ ယခုအချိန် ဒေသထွက်ခရမ်းချဉ်သီးများ လှိုင်လှိုင် ပေါ်ချိန်ဖြစ်၍ မြစ်ကြီးနားမြို့တွင် ခရမ်းချဉ်သီး တစ်ပိဿာလျှင် (သေး) ၂၀၀၀ ကျပ်မှ (ကြီး) ၂၅၀၀ ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိသည်။ ယခုနှစ် ဇန်နဝါရီလအတွင်း မန္တလေး ဘက်မှ ဝင်ရောက်သည့် ခရမ်းချဉ်သီးများကို တစ်ပိဿာလျှင် ၆၀၀၀ ကျပ်မှ ၇၀၀၀ ကျပ် ဈေးနှုန်းရှိခဲ့ပြီး ယခုအခါ ဒေသထွက်ခရမ်းချဉ်သီးများ ထွက်ရှိလာသဖြင့် ခရမ်းချဉ်သီးဈေးနှုန်း ကျဆင်းလာကြောင်း သိရှိရသည်။
ကချင်ပြည်နယ်ဦးစီးမှူးရုံး