ဈေးကွက်ဈေးနှုန်း

မော်လမြိုင်ကုန်စည်ဒိုင်၏ ပဲမျိုးစုံနှင့် စားဖိုဆောင် သီးနှံများ တစ်ပတ်အတွင်း ဈေးနှုန်းပြောင်းလဲမှု အခြေအနေ

Last Updated:

      ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့နှင့် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မော်လမြိုင်ကုန်စည်ဒိုင်၏ ပဲမျိုးစုံနှင့် စားဖိုဆောင်သုံးသီးနှံများ၏ တစ်ပတ်အတွင်း ဈေးနှုန်း ပြောင်းလဲမှု အခြေအနေများမှာ -

      ၂၀ ပိဿာဝင် ပဲမျိုးစုံတစ်တင်းဈေးနှုန်းတွင် ပဲတီစိမ်း(ရွှေဝါ) ၉၃၅၀၀ ကျပ်၊ ပဲတီစိမ်း ၁၀၃၀၀၀ ကျပ်၊ မတ်ပဲ ၉၉၀၀၀ ကျပ်၊ ပဲလွန်းဖြူ ၇၈၀၀၀ ကျပ်၊ ဘိုကိတ် ၆၅၀၀၀ ကျပ်၊ ပဲပုပ် (အသစ်) ၁၃၄၀၀၀ ကျပ်၊ မြေပဲ ၁၈၄၀၀၀ ကျပ် အသီးသီးဖြစ်ပေါ်ခဲ့သည့်အတွက် ယခင်ပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ပဲတီစိမ်းရွှေဝါတစ်တင်း ၂၅၀၀ ကျပ်၊ မတ်ပဲတစ်တင်း ၈၀၀ ကျပ်၊ ပဲလွန်းဖြူ ၁၀၀၀ ကျပ် ဈေးကျနေသော်လည်း ပဲတီစိမ်း၊ ဘိုကိတ်၊ ပဲပုပ်(အသစ်)နှင့် မြေပဲစျေးငြိမ်​နေပါသည်။

      စားဖိုဆောင်သီးနှံ တစ်ပိဿာဈေးနှုန်းတွင် မြစ်သားကြက်သွန်နီ(ကြီး) ၃၅၅၀ ကျပ်၊ (ငယ်) ၂၅၅၀ ကျပ်၊ ကြက်သွန်ဖြူ ထူးလေး ၈၅၀၀ ကျပ်၊ ထူးငါး ၈၅၀၀ ကျပ်၊ ဂျင်း(ဥမ) ၂၈၀၀ကျပ်၊ အာလူး(မြန်မာသီး) ၄၅၀၀ ကျပ်၊ ငရုတ်ရှည် ၁၇၀၀၀ ကျပ်၊ မိုးထောင် ၁၆၅၀၀ ကျပ် ဖြစ်ပေါ်ခဲ့ သည့်အတွက် ယခင်ပတ်နှင့်ဈေးနှုန်းနှိုင်းယှဉ်ပါက ကြက်သွန်ဖြူ ထူးလေးတစ်ပိဿာ ၁၅၀၀ ကျပ်၊ ထူးငါး တစ်ပိဿာ ၅၀၀ ကျပ် ဈေးတက်နေပြီး၊ မိုးထောင် ၅၀၀ ကျပ် ဈေးကျနေသော်လည်း မြစ်သားကြက်သွန်နီ(ကြီး)၊ (ငယ်)၊ ချင်း(ဥမ)၊ အာလူး(မြန်မာသီး)နှင့် ငရုတ်ရှည်သီးနှံများမှာ ဈေးနှုန်းမပြောင်းလဲကြောင်း သိရှိရပါသည်။

မွန်ပြည်နယ်ဦးစီးမှူးရုံး