Local News

မွန်ပြည်နယ်၏ ကွမ်းသီးဈေးနှုန်းအခြေအနေ

Last Updated:

၂၀၂၄ ခုနှစ် ဇန်နဝါရီလ (စတုတ္တပတ်)အတွင်း ကွမ်းသီးဈေးနှုန်း အခြေအနေမှာ ရေပေါင်းခြမ်း တစ်ပိဿာလျှင် ၄၄၀၀ ကျပ်၊ ရေပေါင်းခြမ်း (၈၈% အခြောက်) တစ်ပိဿာလျှင် ၄၉၀၀ ကျပ်၊ ရေပေါင်းခြမ်း (၉၉% အခြောက်) တစ်ပိဿာလျှင် ၅၄၀၀ ကျပ်၊ အစာသန့် (ခြောက်) တစ်ပိဿာလျှင် ၅၅၀၀ ကျပ်၊ ရှယ်ဝိုင်း-ခြောက်(သန့်) တစ်ပိဿာလျှင် ၆၄၀၀ကျပ်၊ ရှယ်ဝိုင်း-ခြောက် (အလယ်သား) တစ်ပိဿာလျှင် ၇၅၀၀ကျပ်၊ ရှယ်ဝိုင်း-ခြောက် (အလယ်သား) တစ်ပိဿာလျှင် ၇၅၀၀ ကျပ်၊ ဂျင်းပြတ်(ခြောက်) တစ်ပိဿာလျှင် ၅၅၀၀ ကျပ်၊ မော်လမြိုင်အညိုသီး (ပြွမ်း) တစ်ပိဿာလျှင် ၂၆၀၀ ကျပ်၊ မော်လမြိုင် အညိုသီး (သန့်)တစ်ပိဿာလျှင် ၃၀၀၀ကျပ်ဖြစ်ကြောင်း သိရသည်။

ကွမ်းသီးဈေးနှုန်း ယခင်လနှင့်နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ၁၀၀ကျပ်နှင့် ၂၀၀ ကျပ်ခန့်အတွင်း ဈေးကျနေကြောင်း သိရသည်။ ထို့သို့ ကွမ်းသီးဈေးနှုန်းကျဆင်းခြင်းသည် ယခုရာသီချိန်တွင် ဒေသကွမ်းသီး လှိုင်လှိုင်ပေါ်ချိန်ဖြစ်ခြင်းကြောင့်လည်းကောင်း၊ အဝယ်နည်းပါးခြင်းကြောင့်လည်းကောင်း ကွမ်းသီးဈေးနှုန်းအခြေအနေ ကျဆင်းရခြင်းဖြစ်ပါကြောင်း သုံးသပ်ရပါသည်။

Source: https://www.doca.gov.mm

Category: Local News