Local News

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်မြို့၌ အုန်းစိမ်းရည်များ အရောင်းသွက်

Last Updated:

    ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ၊ ပြည်ခရိုင်၊ ပြည်မြို့တွင် အုန်းစိမ်းရည်များ အရောင်းသွက်လျက်ရှိပြီး အုန်းစိမ်းဝယ်ရောင်းလုပ်ငန်းရှင်များသည် ခြံအရောက်ကိုယ်တိုင် ဝယ်ယူကြသလို၊ အုန်းသီးပေါ်သည့်နယ်များတွင် နယ်ကျော်၍ဝယ်ယူမှုရှိကြောင်း သိရှိရပါသည်။ အုန်းစိမ်းရည်ကို သဘာဝအတိုင်း သောက်သုံးခြင်းအပြင် အုန်းစိမ်းဂျယ်လီပြုလုပ်ခြင်း၊ အုန်းစိမ်း ရေခဲမုန့်ပြုလုပ်၍လည်း ရောင်းချကြပါသည်။ အုန်းစိမ်းရည်တစ်လုံးလျှင် ကျပ် (၃၀၀၀)၊ အုန်းစိမ်းဂျယ်လီတစ်လုံးလျှင် ကျပ် (၃၀၀၀ - ၄၀၀၀) ၊ အုန်းသီးရေခဲမုန့်တစ်လုံးလျှင် ကျပ် (၃၀၀၀) ဖြင့် အရောင်း သွက်လျက်ရှိပါသည်။ ပွင့်လင်းရာသီ ရောက်လာသည့်အတွက် အရောင်းသွက်ပြီး အုန်းစိမ်းရည်ရောင်းသူများအနေဖြင့် တစ်နေ့ကို ကျပ် (၃၀၀၀၀၀ - ၅၀၀၀၀၀) အထိ အရောင်းသွက်ကြောင်း သိရှိရပါသည်။ အုန်းစိမ်းဝယ်ရောင်းလုပ်ငန်းရှင်များ၏ ဝယ်ရင်းဈေးကတော့ အုန်းစိမ်းဝယ်ယူသည့် အလုံးအကြီး၊ အသေးပေါ်မူတည်၍ တစ်လုံးကို ခရီးစရိတ်အပါအဝင် ကျပ် (၂၀၀၀ - ၂၅၀၀) ပေးဝယ်ရကြောင်း သိရှိရပါသည်။ အုန်းစိမ်းများကို ပြည်မြို့အတွင်းအပြင် မှော်ဇာ၊ ပေါင်းတလည်၊ ပေါက်ခေါင်း၊ ပန်းတောင်း၊ ရွှေတောင်၊ အင်းမစသည့်မြို့များသို့လည်း သွားရောက်ဝယ်ယူရကြောင်း သိရှိရပါသည်။ ပြည်မြို့အတွင်းတွင် အုန်းစိမ်းရည်ရောင်းချသည့် ကိုယ်ပိုင်တုတ်တုတ်များ၊ Light truck နှင့် ဆိုက်တွဲယာဉ်များ စသည့် မော်တော်ယာဉ်များဖြင့် အုန်းစိမ်းရည်များကို လှည့်လည်ရောင်းချကြသည့်အတွက် တွက်ခြေကိုက်ပြီး အရောင်းသွက်ကြောင်း သိရှိရပါသည်။
Source: https://www.doca.gov.mm

Category: Local News