Local News

ထိုင်းနယ်စပ်နှင့်တရုတ်နယ်စပ်မှ တင်ပို့နိုင်ခြင်းမရှိတာကြောင့် ပြည်တွင်းပြောင်းပေါက်ဈေး ကျဆင်းနေ

Last Updated:
     သင်္ကြန်ကာလနောက်ပိုင်း နယ်စပ်မှတစ်ဆင့် ပြောင်းတင်ပို့မှု ပိုမိုကောင်းလာနိုင်ရန် မျှော်လင့်ထားသော်လည်း လမ်းပန်းဆက်သွယ်ရေးလုံခြုံမှုနှင့် ပို့ကုန်အခွန်ကိစ္စရှင်း လင်းမှုမရှိသေးတာကြောင့် ပြည်တွင်းပြောင်းပေါက်ဈေးမြင့်တက်မလာဘဲ ကျဆင်းနေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံပြောင်းစိုက်ပျိုး ထုတ်လုပ်ရောင်းဝယ်သူများအသင်း ဥက္ကဋ္ဌ ဦးနေဝင်းစိုးက ပြောသည်။
     ဟု ၎င်းက ပြောသည်။
     လက်ရှိပြောင်းပေါက်ဈေးကျ ဆင်းနေရခြင်းမှာ ထိုင်းနယ်စပ်သို့ မတင်ပို့နိုင်ခြင်း၊ တရုတ်နိုင်ငံနှင့် Gဗဃဃ သဘောတူညီမှုရရှိထားသည့် ပို့ကုန်ကုမ္ပဏီများလည်း တရုတ်နိုင်ငံမှ တိကျသည့်အခွန် သတ်မှတ်ချက်မရရှိသေးတာကြောင့် တင်ပို့နိုင်ခြင်း မရှိသေးကြောင်း သိရသည်။ လာမည့် ပြောင်းရာသီမှာ မျိုး၊ မြေဆီ ဈေးနှုန်းအနည်းငယ်ကျဆင်းမှုရှိသော်လည်း ပြောင်းစိုက်တောင် သူများအနေဖြင့် အခြားလုပ်သား စရိတ်၊ စက်သုံးဆီစရိတ်များ၊ သယ်ယူပို့ဆောင်စရိတ်များ ဈေးမြင့်တက်နေတာကြောင့် စိုက်ပျိုးစရိတ်မြင့်တက်လာသည်။ ထိုသို့ စိုက်ပျိုးစရိတ်မြင့်တက်လာသော်လည်း ပြည်တွင်းပြောင်းပေါက်ဈေးမှာ ငွေကျပ် ၁၂၀၀ ဝန်းကျင်သာရှိသဖြင့် တောင်သူများ အကျိုးအမြတ်နည်းပါးကြောင်း သိရသည်။

 

        ဧပြီ ၂၀ ရက်တွင် ရန်ကုန် ပြောင်းပေါက်ဈေး တစ်ပိဿာ ငွေ ကျပ် ၁၂၂၀၊ မန္တလေးဈေး ၅၄ ပိဿာတစ်အိတ်ငွေကျပ် ၆၁၅၀၀ ပေါက်ဈေးသာရှိကြောင်း သိရသည်။

Category: Local News