ထိုင်းနှင့် တရုတ်သို့ ကြက်သွန်နီများပြန်လည်တင်ပို့ Last Updated: 2023-04-24 ယနေ့တွင် နယ်စပ်ဂိတ်များမှတစ်ဆင့် ထိုင်းနိုင်ငံနှင့်တရုတ်နိုင်ငံသို့ ကြက်သွန်နီများပြန်လည်တင်ပို့နေပြီဖြစ်ကြောင်း ရွှေပြည့်အောင်ပွဲရုံမှ သိရသည်။ သင်္ကြန်ကာလအတွင်း နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများကို ရပ်နားထားခြင်းမရှိသော်လည်း ကုန်သည်အများစုသည် နေရပ်သို့ပြန်ကြသည့်အတွက် လုပ်ငန်းလည်ပတ်မှုအနည်းငယ်သာရှိကြောင်း သိရသည်။ လက်ရှိဈေးကွက်အတွင်း ကြက်သွန်နီဈေးနှုန်းမှာ ၁၀၀၀ နှင့် ၁၁၀၀ ကြားရှိပြီး ပစ္စည်းညံ့သည့်ကြက်သွန်ဈေးနှုန်းမှာ ၈၀၀ ပတ်ချာလည်တွင်ရှိကြောင်း သိရသည်။ ယခုနှစ်တွင် ယမန်နှစ်ထက် ကြက်သွန်နီ ထွက်နှုန်းမှာ ၂ ဆခန့် ပိုလာသောကြောင့် သိုလှောင်ရန်ဝယ်ယူမှုအတွက် ဈေးကွက်နှင့် ကြက်သွန်နီအရည်အသွေးကို ကုန်သည်များက စောင့်ကြည့်နေကြ ကြောင်း သိရသည်။ ယခုဈေးကွက်အတွင်းရှိ ကြက်သွန်နီများမှာ တစ်ဧကလျင် ပိဿချိန် ၂၀၀၀ မှ ၃၀၀၀ ထိ ထွက်ရှိကြောင်း သိရသည်။ Source: Popular News Journal Category: Local News Previous Post ဘင်္ဂလားဒေ့ရှ်နိုင်ငံက အိန္ဒိယနိုင်ငံနှင့် ရူပီးဖြင့် ကုန်သွယ်မှုပြုမည့် ၁၉ ခုမြ... Next Post ထိုင်းနယ်စပ်နှင့်တရုတ်နယ်စပ်မှ တင်ပို့နိုင်ခြင်းမရှိတာကြောင့် ပြည်တွင်းပြောင်းပေ...
ပြည်ကုန်စည်ဒိုင်၏ (၂၉.၁၀.၂၀၂၅)ရက်နေ့ ပဲမျိုးစုံဈေးနှုန်း by MyanTrade on 2025-10-29 under ဈေးကွက်ဈေးနှုန်း