ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၃ ခုနှစ်၊ မေလ ၁၃ ရက်မှ ၁၉ ရက်နေ့များအတွင်း တင်ပို့ခဲ့သော ပို့ကုန်၏ ငွေပမာဏစုစုပေါင်းတန်ဖိုးမှာ ၄၄၈၅၉၃၉.၂၄ ကန်ဒေါ်လာ တင်ပို့မှုရှိခဲ့ပြီး၊ သွင်းကုန်၏ စုစုပေါင်းငွေပမာဏတန်ဖိုးမှာ ၁၂၀၆၉၀၅.၀၀ ကန်ဒေါ်လာတင်သွင်းမှုရှိခဲ့ပါသည်။
တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများမှာ တစ်သျှူးငှက်ပျော၊ ပဲတောင့်ရှည်(အခြောက်)၊ ရွှေဖရုံသီး၊ ဆန်ကွဲနှင့် ကြိမ်များ တင်ပို့ခဲ့ကြောင်းသိရှိရပါသည်။ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ် နိုင်ငံသို့ တင်ပို့ကုန်၏ငွေပမာဏသည် ၄၁၈၉၇၂.၂၄ ကန်ဒေါ်လာ ဖြစ်ပြီး၊ ကံပိုင်တည်နယ်စပ် ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ငွေပမာဏတန်ဖိုးမှာ ၄၀၆၆၉၆၇.၀၀ ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။
သွင်းကုန်ပစ္စည်းများမှာ လယ်ထွန်စက်များ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ ချည်ထည်များ၊ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ၊ စက်နှင့်စက်ပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ၊ ဓါတ်မြေသြဇာများ၊ ဓါတုဗေဒချည်ခင်များ၊ ကုန်ထုတ်စက္ကူများ၊ သံပိုက်၊ မြက်ခင်းတုနှင့် ကားတာယာများ တင်သွင်းမှုရှိခဲ့ပါသည်။ ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ငွေပမာဏမှာ ကန်ဒေါ်လာ ၂၈၅၃၅၅.၀၀ တင်သွင်းမှုရှိခဲ့ပြီး၊ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ ငွေပမာဏတန်ဖိုးမှာ ကန်ဒေါ်လာ ၉၂၁၁၅၁.၀၀ တင်သွင်းမှုရှိခဲ့ပါသည်။ မြန်မာကျပ်ငွေနှင့် တရုတ်ယွမ်ငွေလဲနှုန်းမှာ မြန်မာငွေကျပ် ၁၀၀ လျှင် တရုတ်ယွမ် ၀.၃၃၅ ယွမ် ဖြစ်ပြီး၊ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၂၉၈.၂၀ ကျပ် ရှိကြောင်းသိရှိရပါသည်။
Source: မနောမြေကုန်သွယ်မှုဗဟိုဌာန