Local News

ကချင်ပြည်နယ်၏ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုတစ်ပတ်အတွင်းနှိုင်းယှဉ်မှုအခြေအနေ

Last Updated:

         ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၃ ခုနှစ်၊ မေလ ၁၃  ရက်မှ ၁၉ ရက်နေ့ အတွင်း ကံပိုင်တည်နယ်စပ်ကုန်သွယ်‌ရေးစခန်းနှင့် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများအနေဖြင့် တစ်သျှူးငှက်ပျော၊ ပဲတောင့်ရှည်(အခြောက်)၊ ‌ရွှေဖရုံသီး၊ ဆန်ကွဲနှင့်ကြိမ်များ တင်ပို့ခဲ့ပြီး ပို့ကုန်၏ ငွေပမာဏမှာ ၄၄၈၅၉၃၉.၂၄ ကန်ဒေါ်လာ တင်ပို့ခဲ့ရာ ယခင်အပတ် ၂၀၂၃ ခုနှစ်၊ မေလ ၆  ရက်မှ ၁၂ ရက်နေ့ထိ တင်ပို့ကုန်၏ ငွေပမာဏ ၄၁၈၀၉၉၆.၃၈ ကန်ဒေါ်လာ နှင့် ကာလတူ တင်ပို့ကုန်၏ ငွေပမာဏနှိုင်းယှဉ်ပါက ၃၀၄၉၄၂.၈၆ ကန်ဒေါ်လာတန်ဖိုး ပိုမို၍ တင်ပို့မှုရှိခဲ့သည်ကို တွေ့ရပါသည်။ 
       သွင်းကုန်ပစ္စည်းများအနေဖြင့် ၂၀၂၃ ခုနှစ်၊ မေလ ၁၃  ရက်မှ ၁၉  ရက်နေ့ အတွင်း လယ်ထွန်စက်များ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ ချည်ထည်များ၊ သံနှင့်သံမဏိဆောက်လုပ် ရေးပစ္စည်းများ၊ စက်နှင့်စက်ပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ၊ ဓါတ်မြေသြဇာများ၊ ဓါတုဗေဒချည်ခင်များ၊ ကုန်ထုတ်စက္ကူများ၊ သံပိုက်၊ မြက်ခင်းတုနှင့် ကား   တာယာများ တင်သွင်းခဲ့ပြီး သွင်းကုန်၏ငွေပမာဏတန်ဖိုးမှာ ၁၂၀၆၉၀၅.၀၀ ကန်ဒေါ်လာတင်သွင်းခဲ့ရာ ယခင်အပတ် ၂၀၂၃ ခုနှစ်၊ မေလ ၆  ရက်မှ ၁၂ ရက်နေ့ထိ တင်သွင်းကုန်၏ ငွေ   ပမာဏတန်ဖိုးမှာ ၁၀၄၈၄၃၁.၀၀ ကန်ဒေါ်လာနှင့် ကာလတူတင်သွင်းကုန်၏ ငွေပမာဏနှိုင်းယှဉ်ပါက ၁၅၈၄၇၄.၀၀ ကန်ဒေါ်လာတန်ဖိုး ပိုမို၍ တင်သွင်းခဲ့သည်ကို တွေ့ရပါသည်။
        တင်ပို့ကုန်နှင့် တင်သွင်းကုန်တို့၏ ငွေပမာဏများအားနှိုင်းယှဉ်ကြည့်ရာ တင်ပို့ကုန်၏ ငွေပမာဏမှာ ၃၂၇၉၀၃၄.၂၄ ကန်ဒေါ်လာ ပိုမိုပြီး ကုန်သွယ်မှုပြုနိုင်ခဲ့ကြောင်း ကုန်သွယ်မှုစာရင်းများအရ တွေ့ရပါသည်။ ငွေလဲနှုန်းများမှာ မြန်မာငွေကျပ် ၁၀၀ လျှင် တရုတ်ယွမ် ၀.၃၃၅ ယွမ် ဖြစ်ပြီး၊ ၁ ယွမ် လျှင် မြန်မာကျပ်ငွေ ၂၉၈.၂၀ ကျပ်ရှိကြောင်းသိရှိရပါသည်။

Source: မနောမြေကုန်သွယ်မှုဗဟိုဌာန

Category: Local News