Local News

မုံရွာမြို့နယ်အတွင်း အရောင်းအဝယ်ဖြစ်လျှက်ရှိသော ဆီထွက်သီးနှံ ဈေးနှုန်း/ဈေးကွက်အခြေအနေ

Last Updated:

         မေလ စတုတ္ထပတ်တွင် မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဆီထွက် သီးနှံများ၏ ဈေးကွက်အခြေအနေမှာ မြေပဲလုံးဆံနီ/ဖြူ ဈေးနှုန်းများ ကျဆင်းနေပြီး နှမ်းဖြူ၊ နှမ်းနက်၊ နှမ်းညိုဈေးနှုန်းများ အနည်းငယ်မြင့်တက်ကြောင်းသိရသည်။ ယခုတစ်ပတ်တွင် နှမ်းညို တစ်တင်းလျှင် (၉၅၀၀၀-၉၀၀၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၁၀၀၀၀)ကျပ်၊ နှမ်းနက်(သ/ဟ) တစ်တင်းလျှင် (၁၀၈၀၀၀-၁၀၅၀၀၀)ကျပ်ရှိပြီး ယခင်ပတ် ကာလတူပေါက် ဈေးနှုန်းမှာ  နှမ်းညို တစ်တင်းလျှင် (၈၈၀၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၀၇၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၁၀၂၀၀၀)ကျပ် ရှိပြီး ကာလတူ နှိုင်းယှဉ်ပါက နှမ်းဖြူ၊ နှမ်းညိုနှင့် နှမ်းနက်ဈေးနှုးန်များ မြင့်တက် သွား ကြောင်းသိရသည်။

          ယခုတစ်ပတ်အတွင်း မုံရွာကုန်စည်ဒိုင်၏ မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့်ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံနီ တစ်ပိဿာ (၇၉၀၀)ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၈၀၀)ကျပ်ရှိပြီး ယခင်ပတ် ကာလတူပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံနီ တစ်ပိဿာ (၈၁၀၀-၈၀၀၀)ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၇၀၀၀-၆၉၀၀)ကျပ်ရှိ ကာလတူနှိုင်းယှဉ်ပါက မြေပဲလုံးဆံနီ/ဖြူဈေးနှုန်းများ အနည်းငယ် ကျဆင်းသွားကြောင်းသိရသည်။ ယခုပတ်ဆီဈေးမှာ ပဲဆီ တစ်ပိဿာ ၁၃၀၀၀ ကျပ်မှ ၁၂၅၀၀ ကျပ် ထိ၊ နှမ်းဆီ တစ်ပိဿာ ၁၁၅၀၀ ကျပ်မှ ၁၁၀၀၀ ကျပ်ထိ ပေါက်ဈေးရှိပါသည်။

Source: ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News