Local News

မုံရွာမြို့နယ်အတွင်း အရောင်းအဝယ်ဖြစ်လျှက်ရှိသော ပဲမျိုးစုံဈေးနှုန်း/ဈေးကွက်အခြေအနေ

Last Updated:

          မေလ စတုတ္ထပတ်တွင် မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော လယ်ယာထွက်ကုန်သီးနှံများထဲမှ ဂျုံဖြူသန့်၊ ပဲတီစိမ်းသေး၊ ပဲနီလုံးရိုးရိုးနှင့် ပဲနီလုံးကြားနှင့် CP ပြောင်းဖူးစေ့ ဈေးငြိမ်၍ ပဲတီစိမ်းကြီး ဈေးနှုန်းကျဆင်းသွားပြီး၊ ပဲကြီး၊ မတ်ပဲ၊ ၊929၊ ကုလားပဲဖြူလုံးသေးနှင့် ကုလားပဲဖြူလုံးကြီး ဈေးနှုန်းများမြင့်တက်သွားသည်။ မေလ စတုတ္ထပတ်တွင် သီးနှံများ တစ်တင်းပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် တစ်တင်းလျှင် (၅၃၅၀၀)ကျပ်၊ ပဲစင်းငုံ (၈၄၈၀၀)ကျပ်၊ မတ်ပဲ (၇၃၀၀၀)ကျပ်၊ ပဲတီစိမ်း (ကြီး) (၆၅၀၀၀-၄၅၀၀၀)ကျပ်၊ ပဲတီစိမ်း(သေး) (၄၃၀၀၀)ကျပ်၊ ပဲနီလုံး ရိုးရိုး (၄၅၀၀၀)ကျပ်၊ ပဲနီလုံးကြား (၄၄၅၀၀)ကျပ်နှင့် ပဲကြီး တစ်တင်းလျှင်  (၉၁၀၀၀-၉၀၀၀၀) ကျပ်ပေါက် ဈေးရှိသည်။ ယခင်တစ်ပတ်အတွင်း ကာလတူပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် တစ်တင်းလျှင် (၅၃၅၀၀)ကျပ်၊ ပဲစဉ်းငုံ တစ်တင်းလျှင် (၈၁၅၀၀)ကျပ်၊ မတ်ပဲ တစ်တင်းလျှင် (၇၁၀၀၀) ကျပ်၊ ပဲတီစိမ်း(ကြီး) (၆၈၀၀၀)ကျပ်၊ ပဲတီစိမ်း(သေး) (၄၃၀၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး တစ်တင်းလျှင် (၄၅၀၀၀) ကျပ်၊ ပဲနီလုံးကြား တစ်တင်းလျှင် (၄၄၅၀၀)ကျပ်နှင့် ပဲကြီး တစ်တင်းလျှင် (၈၉၀၀၀) ကျပ် ပေါက်ဈေး ရှိ၍ ကာလတူအချိန်နှင့် ဈေးနှုန်းများ နှိုင်းယှဉ်ပါက ဂျုံဖြူသန့်၊ ပဲတီစိမ်းသေး၊ ပဲနီလုံး ရိုးရိုးနှင့် ပဲနီလုံးကြား ဈေးငြိမ်၍ ပဲတီစိမ်းကြီး တစ်တင်းလျှင် (၃၀၀၀) ကျပ်နှုန်းကျဆင်း သွားပြီး၊ ပဲကြီး တစ်တင်းလျှင် (၂၀၀၀)ကျပ်၊ မတ်ပဲ တစ်တင်းလျှင် (၂၀၀၀) ကျပ်နှင့် ပဲစဉ်းငုံ တစ်တင်းလျှင် (၃၃၀၀) ကျပ် မြင့်တက် နေကြောင်းသိရသည်။

          ကုလားပဲ (မျိုးစုံ)ပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင် (၇၉၅၀၀) ကျပ်၊ ကုလားပဲ ဖြူလုံးသေး   (၇၉၀၀၀) ကျပ်၊ 929  (၇၈၅၀၀)ကျပ် ပေါက်ဈေးရှိပြီး ယခင်ပတ်ကာလတူ ပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင် (၇၆၅၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး  (၇၆၀၀၀)ကျပ်၊ 929  (၇၅၀၀၀) ကျပ်ပေါက်ဈေးရှိ၍ ယခင်ပတ်အတွင်း ကာလတူပေါက်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက 929၊ ကုလားပဲဖြူလုံးသေးနှင့် ကုလားပဲဖြူလုံးကြီး ဈေးနှုန်းများမြင့်တက်သွား ကြောင်း သိရသည်။ CPပြောင်းဖူးစေ့ တစ်တင်းလျှင် (၂၀၃၀၀)ကျပ်ပေါက်ဈေးရှိသည်။ ယခင်အပတ် ကာလ တူပေါက်ဈေးနှုန်းမှာ CPပြောင်းဖူးစေ့ တစ်တင်းလျှင် (၂၀၃၀၀)ကျပ်ရှိ၍ ယခင်အပတ်နှင့် နှိုင်းယှဉ် ပါက CPပြောင်းဖူးစေ့ ဈေးငြိမ်နေကြောင်းသိရပါသည်။

Source: ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News