Local News

မန္တလေးကုန်စည်ဒိုင်ပဲဈေးနှုန်းဈေးကွက်အခြေအနေ

Last Updated:

   ဇူလိုင်လ ဒုတိယပတ်အတွင်း မန္တလေးကုန်စည်ဒိုင်တွင် ပဲတီစိမ်း(အညာ)ယခင်တစ်ပတ် က ဝယ်လိုအားအေး၍ ဈေးဆက်တိုက်ကျဆင်းခဲ့ရာမှ ယခုတစ်ပတ်တွင် ပြည်ပဈေးကွက်မှ ဝယ်ယူမှုရှိ ပြီးအရောင်းအဝယ် သွက်လာ သောကြောင့် ပဲတီစိမ်းမှာ ယခင်တစ်ပတ်ထက်အနည်းငယ် မြင့်တက်လာပြီး၊ မတ်ပဲနှင့်  ပဲစဉ်းငုံမှာ ဝယ်လိုအား အေး၍ ဈေးအေးနေကြောင်း မန္တလေး ကုန်စည်ဒိုင်ဈေးကွက်မှ သိရသည်။

   ပဲတီစိမ်း(အညာ) ၅၆.၂၅ပိဿာဝင် သုံးတင်းဝင်တစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၁၇၄၀၀၀၊ ယခင် တစ်ပတ်ကျပ် ၁၇၃၀၀၀၊ ယခင်လ ကျပ် ၁၅၀၀၀၀ မှ ၁၇၄၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၀၀၀၊ ယခင်လထက် ကျပ် ၂၄၀၀၀ မြင့်တက်လာသည်။

   မတ်ပဲ ၆၀ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၂၁၈၀၀၀ မှ ၂၁၅၀၀၀ ၊ ယခင်တစ်ပတ် ကျပ် ၂၂၀၀၀၀ မှ ၂၁၈၀၀၀၊ ယခင်လ ကျပ် ၂၅၀၀၀၀ မှ ၂၄၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၂၀၀၀ မှ ၃၀၀၀၊ ယခင်လထက်ကျပ် ၂၅၀၀၀ မှ ၃၂၀၀၀ နိမ့်ကျလာသည်။

   ပဲစဉ်းငုံ(နီ) ၆၀ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၃၀၅၀၀၀၊ ယခင် တစ်ပတ် ကျပ် ၃၀၅၀၀၀၊ ယခင်လ ကျပ် ၃၀၇၀၀၀ မှ ၃၀၅၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေပြီး၊ ယခင်လ ထက် ကျပ် ၂၀၀၀ နိမ့်ကျလာသည်။

မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News