Local News

လွယ်ဂျယ်နှင့် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုအခြေအနေ

Last Updated:

   ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၈ ရက်မှ ၁၄ ရက်နေ့ များအတွင်း တင်ပို့ခဲ့သော ပို့ကုန်၏ ငွေပမာဏစုစုပေါင်းတန်ဖိုးမှာ ၅၅၈၆၈၇.၆၄၀ ကန်ဒေါ်လာ တင်ပို့မှုရှိခဲ့ပြီး၊ သွင်းကုန်၏ စုစုပေါင်းငွေ ပမာဏတန်ဖိုးမှာ ၁၂၆၃၀၄၆.၈၁၀ ကန်ဒေါ်လာ တင်သွင်းမှုရှိခဲ့ပါသည်။

   တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများမှာ တစ်သျှူးငှက်ပျော၊ ဆန်၊ Aluminium Ingot၊ ပြောင်းနှင့် ဆန်ကွဲများ တင်ပို့ခဲ့ကြောင်း သိရှိရပါသည်။ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ ငွေပမာဏ သည် ၁၈၀၂၂၄.၈၇၀ ကန်ဒေါ်လာ ဖြစ်ပြီး၊ ကံပိုင်တည်နယ်စပ်ကုန်သွယ်‌ ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ ငွေပမာဏတန်ဖိုးမှာ ၃၇၈၄၆၂.၇၇၀ ဒေါ်လာ တင်ပို့မှု ရှိခဲ့ပါသည်။

   သွင်းကုန်ပစ္စည်းများမှာ  ဓါတ်မြေသြဇာများ၊ လယ်ထွန်စက်များ၊ ချည်ထည်များ၊ ပလပ်စတစ်ကုန်ကြမ်း ပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ၊ ဘတ္တရီအခြောက်များ၊ ဓါတုဗေဒချည်ခင်များ၊ သံနှင့်သံမဏိဆောက်လုပ်ရေး ပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ ကားတာယာ၊ သံပိုက်နှင့်မြက်ခင်းတုများ တင်သွင်းမှုရှိခဲ့ပါသည်။ကံပိုင်တည် နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ငွေပမာဏမှာ ကန်ဒေါ်လာ ၄၁၀၆၀၅.၈၁၀ တင်သွင်းမှုရှိခဲ့ပြီး၊ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ ငွေပမာဏ တန်ဖိုးမှာ ကန်ဒေါ် လာ ၈၅၂၄၄၁.၀၀၀ တင်သွင်းမှုရှိခဲ့ပါသည်။

   မြန်မာကျပ်ငွေနှင့် တရုတ်ယွမ်ငွေလဲနှုန်းမှာ မြန်မာငွေကျပ် ၁၀၀ လျှင် တရုတ်ယွမ် ၀.၃၄၂ ယွမ် ဖြစ်ပြီး၊ ၁ ယွမ် လျှင် မြန်မာကျပ်ငွေ ၂၉၂.၃၉ ကျပ် ရှိကြောင်းသိရှိရပါသည်။

ကချင်ပြည်နယ်ဦးစီးမှူးရုံး

Category: Local News