International News

တရုတ်နှင့် အာဖရိကကြား ကုန်သွယ်မှုမှာ ဇန်နဝါရီလမှ ဇူလိုင်လအတွင်း တည်ငြိမ်စွာတိုးတက်မှုရှိ

Last Updated:

အာဖရိကဒေသနှင့်  တရုတ်နိုင်ငံ၏  ကုန်သွယ်မှုမှာ  ယခုနှစ်  ပထမ  ၇  လအတွင်း တည်ငြိမ်စွာတိုးတက်မှုရှိခဲ့ကြောင်း တရားဝင်အချက်အလက်များ၌  ဖော်ပြထားသည်။  တရုတ်နိုင်ငံနှင့်  အာဖရိကဒေသကြား ကုန်သွယ်မှုမှာ ဇန်နဝါရီလမှ ဇူလိုင်လအတွင်း ယွမ် ၁.၁၄ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၅၈.၃၆ ဘီလီယံခန့်) ရှိခဲ့ပြီး ယမန်နှစ် အလားတူကာလထက် ၇.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း အထွေထွေအကောက်ခွန်ဉီးစီးဌာနမှ အချက်အလက်များအရ သိရသည်။

တရုတ်နိုင်ငံသည် လွန်ခဲ့သော ဆယ်စုနှစ်အတွင်း အာဖရိက၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိသည်။ နှစ်ဘက်ကုန်သွယ်မှုအနေဖြင့် ၂၀၂၂ ခုနှစ်တွင် စုစုပေါင်း ယွမ် ၁.၈၇ ထရီလီယံ ရှိခဲ့ကြောင်း အကောက်ခွန်အချက်အလက်များ၌ ဖော်ပြထားသည်။ 

Source: https://xinhuamyanmar.com

Category: International News