မွန်ပြည်နယ်အတွင်း မြို့နယ်အလိုက်ဈေးနှုန်းဖွင့်လှစ်ဝယ်ယူသည့် ရော်ဘာ RSS-3 (Ribbed Smoke Sheet-3) တစ်ပေါင်ဈေးနှုန်းမှာ ၂၀၂၅ အောက်တိုဘာ ၁၇ ရက်နေ့တွင် မော်လမြိုင် ၂၅၅၀ ကျပ်၊ ကျိုက်မရော ၂၅၅၀ ကျပ်၊ ချောင်းဆုံ ၂၅၀၀ ကျပ်၊ မုဒုံ ၂၇၁၀ ကျပ်၊ သံဖြူဇရပ် ၂၇၃၀ ကျပ်၊ ရေး ၂၂၀၀ ကျပ်၊ ပေါင် ၂၇၁၀ ကျပ်၊ သထုံ ၂၇၀၀ ကျပ်၊ ဘီးလင်း ၂၇၅၀ ကျပ်နှင့် ကျိုက်ထိုမြို့နယ်တွင် ၂၇၀၀ ကျပ် အသီးသီးဖြစ်ပေါ်ခဲ့သည်
အောက်တိုဘာ ၁၀ ရက်နေ့ ရော်ဘာ RSS-3 တစ်ပေါင်ဈေးနှုန်းမှာ မော်လမြိုင်၊ ကျိုက်မ ရော၊ ချောင်းဆုံ၊ သဖြူဇရပ်၊ ရေးမြို့နယ်များတွင် ဈေးနှုန်းဖွင့်လှစ်ခြင်းမရှိဘဲ မုဒုံမြို့နယ် ၂၇၉၀ ကျပ်၊ ပေါင်မြို့နယ် ၂၇၆၀ ကျပ်၊ သထုံ၊ ဘီးလင်းနှင့် ကျိုက်ထို မြို့နယ်တွင် ၂၈၀၀ ကျပ် ဖြစ်ပေါ်ခဲ့ သည့်အတွက် ယခင်ပတ်ရော်ဘာတစ်ပေါင်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက မုဒုံ ၈၀ ကျပ်၊ ပေါင် ၅၀ ကျပ်၊ သထုံ ၁၀၀ ကျပ်၊ ဘီးလင်း ၅၀ ကျပ်နှင့် ကျိုက်ထိုမြို့နယ်တွင် ၁၀၀ ကျပ် ဈေးနှုန်းကျဆင်းလာ ကြောင်း ဈေးကွက်အတွင်းမှ သိရှိရသည်။
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး