Local News

မောတောင်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၁)ရက်နေ့မှ (၂၂) ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၁၀၂၇) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၂၇၁) သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၁၂၉၈) သန်း ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီလ ( ၂၁ ) ရက်နေ့မှ ( ၂၂ ) ရက်နေ့အထိ အဓိကတင်ပို့ခဲ့သော ကုန်ပစ္စည်းများမှာ ငါးမျိုးစုံ (၆၄.၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၆၅၇)သန်း၊ ဂျင်းခရု (အရှင်) (၁.၆) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၂၄)သန်း၊ ရွှံ့ဂဏန်း (အရှင်) (၀.၅၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၂၁)သန်း၊ အေးခဲကင်းမွန် (၂) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၃၄)သန်း၊ ဂဏန်း (အသေ) (၁)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၁၂)သန်း၊ ကျောက်ပုဇွန် (အရှင်) (၀.၃)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၇၆)သန်း၊ ငရုတ်သီးစိမ်း (၂)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၆)သန်း၊ ကြက်သွန်နီ (၄၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၈၇)သန်း တင်ပို့နိုင်ခဲ့ပြီး အဓိကတင်သွင်းခဲ့သော ကုန်ပစ္စည်းများမှာ သစ်သီး (၄)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁)သန်း၊ A4 စက္ကူ (၂၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၆၁)သန်း ဖြစ်ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့် ပို့ကုန်ပစ္စည်းများ၏ (၁) တန် ဈေးနှုန်းမှာ - ငါးမျိုးစုံ (၁၀၁၈.၆) ဒေါ်လာနှုန်း၊ (၆၄.၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၆၅၇)သန်း၊ ဂျင်းခရု (အရှင်) (၁၅၀၀) ဒေါ်လာနှုန်း၊ (၁.၆) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၂၄) သန်း၊ ရွှံ့ဂဏန်း (အရှင်) (၃၈၁၈.၁၈) ဒေါ်လာနှုန်း၊ (၀.၅၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၂၁) သန်း၊ အေးခဲကင်းမွန် (၁၇၀၀) ဒေါ်လာနှုန်း၊ (၂) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၃၄) သန်း၊ ဂဏန်း (အသေ) (၁၂၀၀) ဒေါ်လာနှုန်း၊ (၁) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၂) သန်း၊ ကျောက်ပုစွန် (အရှင်) (၂၅၃၃၃.၃၃) ဒေါ်လာနှုန်း၊ (၀.၃) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၇၆) သန်း၊ ငရုတ်သီးစိမ်း (၈၀၀) ဒေါ်လာနှုန်း၊ (၂) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၆) သန်း၊ ကြက်သွန်နီ (၄၁၅.၅၆) ဒေါ်လာနှုန်း၊ (၄၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၈၇) သန်း ဖြစ်ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁)တန် ဈေးနှုန်းမှာ - သစ်သီး (၂၅၀) ဒေါ်လာနှုန်း၊ (၄)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၁)သန်း၊ A4 စက္ကူ (၁၃၀၅) ဒေါ်လာနှုန်း၊ (၂၀)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၂၆၁)သန်း ဖြစ်ပါသည်။

မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ်/ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ် - တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။

Source: https://commerce.gov.mm

Category: Local News