Local News

ကျောက်ဆည်ခရိုင်၏ မိုးစပါးနှင့် ဆန်စျေးကွက်ခြေအနေ

Last Updated:

မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် စိုက်ပျိုးရေးကိုအဓိကထား လုပ်ကိုင်ဆောင်ရွက်သောဒေသဖြစ်ရာ ကျေးလက်နေတောင်သူအများစုသည် မိုးစပါးများကိုသာ အဓိကထား အများဆုံးစိုက်ပျိုးကြပါသည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မိုးစပါးစိုက်ဧက(၁၄၃၁၆၈)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် မိုးစပါးစိုက်ဧက (၁၄၄၆၈၆)ဧက စိုက်ပျိုးနိုင်ခဲ့၍ ယခင်နှစ်ကထက်(၁၅၁၈)ဧက ပိုမိုစိုက်ပျိုးထားကြောင်း၊ ယခုနှစ်တွင် မိုးစပါးပျိုးထောင်ချိန်မှာ ရေပိုမိုရရှိသောကြောင့် မိုးစပါးစိုက်ဧက အနည်းငယ်တိုးမြင့်စိုက်ပျိုးကြကြောင်း သိရှိရပါတယ်။ ယခုအချိန်တွင် မိုးစပါးစိုက်ဧကများ အားလုံးနီးပါး ရိတ်သိမ်းပြီးဖြစ်ရာ (၁)ဧကလျှင် အထွက်နှုန်းအနေဖြင့် (၉၅.၄၇) တင်း၊အထွက်စုစုပေါင်း(၁၃၈၁၃၁၇၂)တင်းထွက်ရှိကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။ ယခင်နှစ် ဆန်/စပါးစျေးနှုန်းအနေဖြင့် ဧရာပဒေသာစပါး တင်း(၁၀၀)လျှင်(၁၇၀၀၀၀၀)ကျပ်၊ မနောသုခစပါးတင်း(၁၀၀)လျှင်(၁၃၀၀၀၀၀)ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိပြီး ဧရာပဒေသာဆန် တစ်တင်းခွဲအိတ် တစ်အိတ်လျှင် (၆၁၀၀၀)ကျပ်၊ မနောသုခဆန် တစ်တင်းခွဲအိတ် တစ်အိတ်လျှင်(၅၂၀၀၀)ကျပ် စျေးနှုန်းများရှိခဲ့ပြီး ယခုနှစ်တွင် ဧရာပဒေသာစပါးတင်း(၁၀၀)လျှင် (၃၃၀၀၀၀၀)ကျပ်၊ မနောသုခစပါး တင်း(၁၀၀)လျှင် (၂၂၀၀၀၀၀) ကျပ်စျေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ဧရာပဒေသာဆန် တစ်တင်းခွဲအိတ် တစ်အိတ်လျှင် (၁၂၅၀၀၀)ကျပ်စျေးနှုန်း၊မနောသုခဆန် တစ်တင်းခွဲအိတ် တစ်အိတ်လျှင် (၈၈၀၀၀)ကျပ်စျေးနှုန်းများ ရရှိသောကြောင့် ယခုနှစ် စပါးစိုက်တောင်သူများအနေဖြင့် အကျိုးအမြတ်ပိုမိုရရှိကြောင်း၊ ဆန်/စပါးစျေးကွက်အနေဖြင့် မန္တလေး၊ မြင်းခြံ၊ နွားထိုးကြီးမြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ဆန်/စပါး ကုန်သည်ပွဲစားများထံမှ သိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News