Local News

ထောပတ်ပဲစိုက်ပျိုးမှု အခြေအနေ

Last Updated:

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းတွင် ပဲမျိုးစုံသီးနှံများအား ရာသီအလိုက် စိုက်ပျိုးလျက်ရှိရာ ထောပတ်သီးနှံအား မြစ်သားမြို့နယ်တွင် ထောပတ်ပဲစိုက်ဧက(၁၆၀)ဧက စိုက်ပျိုးထားရှိပြီး ကျီတိုင်၊ သရက်ပင်နှင့် ကံဆွယ်ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ ထောပတ်ပဲတွင် ပင်ထောင်ပဲနှင့် ပင်ပြန့်ပဲဟူ၍(၂)မျိုးရှိပြီး ပင်ထောင်ပဲ အစေ့ကကြီးပြီး ပင်ပြန့်ပဲကအစေ့သေးကြောင်း၊ မြို့နယ်အတွင်း အများဆုံးစိုက်ပျိုးသောမျိုးမှာ ပင်ပြန့်ပဲဖြစ်ကြောင်း၊(၁)ဧကစိုက်ပျိုးမှုအနေဖြင့် မျိုး(၁၀)ပြည်ကုန်ကျကြောင်း၊ ထောပတ်ပဲစိုက်ပျိုးမှု (၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း(၁၃၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း၊ အောက်တိုဘာလကုန်ပိုင်းတွင် စိုက်ပျိုးပြီး ယခုဇန်နဝါရီလဆန်းတွင် စတင်ထွက်ရှိနေပြီဖြစ်ကြောင်း၊ ထောပတ်ပဲသက်တမ်းမှာ စိုက်ပျိုးပြီး (၂)လကျော်တွင် စတင်ခူးဆွတ်နိုင်ပြီဖြစ်ကြောင်း၊ (၁)ဧကအထွက်နှုန်းအနေဖြင့် (၅-၆)တင်းခန့်ထွက်ရှိကြောင်း၊ ယခင်နှစ်တွင် ထောပတ်ပဲ စျေးနှုန်းအနေဖြင့် (၁)တင်းလျှင် (၆၆၀၀၀)ကျပ်စျေးနှုန်းများရှိပြီး ယခုလက်ရှိထောပတ်ပဲ (၁)တင်းလျှင် (၁၅၀၀၀၀)ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ စိုက်ပျိုးစရိတ်သက်သာပြီး အကျိုးအမြတ်များရရှိသော ထောပတ်ပဲသီးနှံကို တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

Source: https://www.doca.gov.mm

Category: Local News