Local News

ဒေါ်လာစျေးအပြင် ကမ္ဘာရော်ဘာစျေးပါ အမြင့်စျေးတွင်ရှိသောကြောင့် ပြည်တွင်းရော်ဘာစျေးတက်

Last Updated:

          လက်ရှိ ဒေါ်လာစျေးအပြင် ကမ္ဘာရော်ဘာစျေးပါ အမြင့်စျေးတွင်ရှိသောကြောင့် ပြည်တွင်းရော်ဘာ စျေးမြင့်တက်နေကြောင်း လုပ်ငန်းရှင်များထံမှသိရသည်။ ပြည်တွင်းရော်ဘာစျေးမှာ နိုင်ငံတကာပေါက်စျေးပေါ်မူတည်ပြီး စျေးအတက်အကျ ဖြစ်ပေါ်ခြင်း ဖြစ်ပြီးလက်ရှိ နိုင်ငံတကာ ရော်ဘာပေါက်စျေးမှာ ယခုလက်ရှိ ဒေါ်လာ ၁၆၅၀ မှ ၁၇၀၀ အထိ မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

      “ရော်ဘာစျေးကွက်ကတော့ ပုံမှန်ပါပဲ၊ အဓိက က ပြည်တွင်းဒေါ်လာစျေးတက်တော့ ရော်ဘာစျေးတက်တာ ။ ကမ္ဘ့စျေးကလဲ နည်းနည်းတက်တယ်။ ကမ္ဘ့စျေးတက်ရင် ပြည်တွင်း    ရော်ဘာစျေးဘာလိုက်တက်တာ” ဟု မြန်မာနိုင်ငံရော်ဘာစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးခိုင်မြင့်က ပြောသည်။ ပြည်တွင်းရော်ဘာ တစ်ပေါင်လျှင် ၁၃၅၀ ဝန်းကျင်မှ စတင်မြင့်တက်ခဲ့ရာ လက်ရှိတစ်ပေါင်လျှင် ၁၄၁၀ ကျပ် ပေါက်စျေးထိရှိလာ ခြင်းဖြစ်သည်။ လက်ရှိ မိုးများဆက်ရွာသွန်းလာပါက ရော်ဘာခြစ် သည့် လုပ်ငန်းများ ရပ်နားဖွယ်ရာရှိပြီး မိုးပျက်လိုက် ရွာလိုက် သာဖြစ်ပေါ်ပါက လုပ်ငန်း များ ဆက်လက်လုပ်ကိုင်နေဦးမည်ဖြစ်ကြောင်းသိရသည်။

      "အခု မုန်တိုင်းက ရော်ဘာထုတ်လုပ်တဲ့ ဒေသဘက်တွေကို ဝင်ရောက်မူ သိပ်မရှိခဲ့တော့ ရော်ဘာအထွက်နှုန်းကတော့ကျဆင်းဖို့မရှိပါဘူး။ မိုးဆက်တိုက်ရွာသွန်းလာရင်တော့ ရော်ဘာလုပ်ငန်းတွေ နားရမှာပေါ့ " အတွင်းရေးမှူး ဦးခိုင်မြင့်က ဆက်လက်ပြောသည်။ လက်ရှိတွင်ရော်ဘာကို နယ်စပ်တင်ပို့မူထက် ပင်လယ်ရေကြောင်းမှ အဓိက တင်ပို့နေပြီး တရုတ်နိုင်ငံကို အဓိက တင်ပို့နေရကြောင်း သိရသည်။ ယခုနှစ်တွင် ပြည်ပသို့ တန်ချိန် သုံးသိန်းပတ်ဝန်းကျင်ခန့် ထိတင်ပို့ရန် လျာထားသော်လည်း ယခင်နှစ်များထက်တင်ပို့မူ လျော့ကျနိုင်ကြောင်း ခန့်မှန်ထားကြောင်း သိရသည်။ 

      ထိုကဲ့သို့ တင်ပို့မူလျော့ကျနေရခြင်းမှာ တရားမဝင် ရော်ဘာတင်ပို့မူ များပြားလာခြင်းကြောင့် ဖြစ်ကြောင်းသိရသည်။ ရော်ဘာ တင်ပို့မူအပိုင်းတွင် အခက်အခဲများ ဖြစ်ပေါ်နေသည့် အနက် ၃၅ ရာခိုင်နှုန်းနှင့် ၆၅ ရာခိုင်နှုန်း ကိစ္စမှာ တင်ပို့မူများအတွက် ပိုမိုခက်ခဲနေကြောင်း သိရသည်။ လက်ရှိအချိန်အထိ ရော်ဘာတန်ချိန် နှစ်သိန်းခန့်သာ တင်ပို့ထားကြောင်း မြန်မာနိုင်ငံရော်ဘာစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှသိရသည်။ ပြည်တွင်း၌ တစ်နိုင်ငံလုံ ရော်ဘာစိုက်ဧက တစ်သန်း ခြောက်သိန်း နှင့် လေး သောင်း ကျော် ထိ ရှိ ကြောင်း သိရသည်။

Source:  AMIA

http://htwettoe.com

Category: Local News