Local News

မောတောင်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ( ၁၆ ) ရက်နေ့မှ ( ၂၀ ) ရက်နေ့ အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၁၉၈၅) ဒေါ်လာသန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၀၆၇) ဒေါ်လာသန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၂၀၅၂) ဒေါ်လာသန်း ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်းမှ ဩဂုတ်လ ( ၁၆ )ရက်နေ့မှ ( ၂၀ ) ရက်နေ့အထိ အဓိကတင်ပို့ခဲ့သော ကုန်ပစ္စည်းများမှာ ငါးမျိုးစုံ (၁၁၀.၀၉) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၁၁၆) သန်း၊ ရွှံ့ကဏန်း (အရှင်) (၃.၅၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၃၅) သန်း၊ ဂုံး (အရှင်) (၁.၄၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၃၆)သန်း၊ ကဏန်း(အသေ) (၄.၂)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၅)သန်း၊ ဂျင်းခရု (အရှင်) (၁၆.၈)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၂၅၂)သန်း၊ ကျောက်ပုဇွန် (အရှင်) (၀.၇၉)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၅၈)သန်း၊ ငှက်ပျောသီး (၃၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၀၇)သန်း ၊ ငရုတ်သီးစိမ်း (၁၆.၀၄)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၃၁)သန်း တင်ပို့နိုင်ခဲ့ပြီး အဓိကတင်သွင်းခဲ့သော ကုန်ပစ္စည်းများမှာ သစ်သီး (၄.၅)တန်၊ တန်ဖိုး  ကန်ဒေါ်လာ (၀.၀၀၁၃)သန်း၊ ကြွေပြား (၁၆၀၀)M2၊ တန်ဖိုးကန် ဒေါ်လာ (၀.၀၀၅၄) သန်း ဖြစ်သည်။

မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့် ပို့ကုန်ပစ္စည်းများ၏ (၁) တန် ဈေးနှုန်း မှာ - ငါးမျိုးစုံ (၁၀၁၃.၇၂) ဒေါ်လာနှုန်း၊ (၁၁၀.၀၉) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၁၁၆) သန်း၊ ရွှံ့ကဏန်း (အရှင်) (၃၈၀၂.၈၂) ဒေါ်လာနှုန်း၊ (၃.၅၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၃၅) သန်း၊ ဂုံး (အရှင်) (၂၄၈၂.၇၆) ဒေါ်လာနှုန်း၊ (၁.၄၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၃၆) သန်း၊ ကဏန်း (အသေ) (၁၁၉၀.၄၈) ဒေါ်လာနှုန်း၊ (၄.၂) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၅) သန်း၊ ဂျင်းခရု (အရှင်) (၁၅၀၀) ဒေါ်လာနှုန်း၊ (၁၆.၈) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၅၂) သန်း၊ ကျောက်ပုစွန် (အရှင်) (၂၀၀၀၀) ဒေါ်လာနှုန်း၊ (၀.၇၉) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၅၈) သန်း၊ ငှက်ပျောသီး (၃၀၅.၇၁) ဒေါ်လာနှုန်း၊ (၃၅) တန်၊ ကန်ဒေါ်လာ (၀.၀၁၀၇) ဒေါ်လာသန်း၊ ငရုတ်သီးစိမ်း (၈၁၆.၇၁) ဒေါ်လာနှုန်း ၊(၁၆.၀၄) တန်၊ ကန်ဒေါ်လာ (၀.၀၁၃၁) ဒေါ်လာသန်း ဖြစ်သည်။

မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁) တန် ဈေးနှုန်းမှာ - သစ်သီး (၂၈၈.၉) ဒေါ်လာနှုန်း၊ (၄.၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၃) သန်း၊ ကြွေပြား (၁)M2 ၏ ဈေးနှုန်းမှာ (၃.၃၇၅)ဒေါ်လာနှုန်း၊ (၁၆၀၀)M2၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၅၄) သန်း ဖြစ်သည်။ မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ် - တနင်္သာရီ - မောတောင်ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိသည်။

မောတောင်ကုန်သွယ်ရေးစခန်း၏ ကျပ်၊ ဘတ် ငွေလဲနှုန်း

မောတောင်နယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုအနေဖြင့် ဘဏ်စနစ်အသုံးပြု၍ ကုန်သွယ်မှုပြုလုပ်ဆောင်ရွက်လျက်ရှိပြီး (၁၉-၈-၂၀၂၃) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာ ငွေကျပ် (၁) သိန်းလျှင် ဘတ် (၉၅၂.၄)၊ (၁) ဘတ်လျှင် မြန်မာငွေကျပ် (၁၀၅) ကျပ်ခန့်ရှိပါကြောင်းနှင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဘတ်ဈေးအနည်းငယ်မြင့်တက်လျက်ရှိကြောင်း သုံးသပ်သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News